Saturday 27 December 2014

ရီးယဲလ်မက်ဒရစ်၌သာ စီရိုနယ်လ်ဒို ကစားသမားဘဝ အဆုံးသတ်မည်

ရီးယဲလ်မက်ဒရစ်၌သာ စီရိုနယ်လ်ဒို ကစားသမားဘဝ အဆုံးသတ်မည်

ရီးယဲလ်မက်ဒရစ်အသင်းမှ ပေါ်တူဂီစူပါစတား စီရိုနယ်လ်ဒိုသည် လက်ရှိကလပ် ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာလိမ့်မည်မဟုတ်ဘဲ ရီးယဲလ် မက်ဒရစ်အသင်း၌သာ ကစားသမားဘဝအဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။ ပေါ်တူဂီကြယ်ပွင့် စီရိုနယ်လ်ဒိုသည် ပြီးခဲ့သည့်နှစ်က ရီးယဲလ်မက်ဒရစ် အသင်းနှင့် စာချုပ်သစ်ထပ်တိုးမချုပ်ဆိုမီ အသင်းဟောင်းမန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့ကစားရန် ချိတ်ဆက်မှုများရှိခဲ့သော်လည်း လက်ရှိတွင်မူ ရီးယဲလ်မက်ဒရစ်အသင်းကို စွန့်ခွာမည်မဟုတ်ဘဲ ရီးယဲလ်မက်ဒရစ်အသင်း၌သာ ကစားသမားဘဝ အနားယူမည်ဖြစ်ကြောင်း ၎င်း၏ ကိုယ်စားလှယ်ဖြစ်သူက ပြောကြားခဲ့သည်။ စီရိုနယ်လ်ဒိုသည် စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက် ဘာနေဗျူးတွင် ၂ဝ၁၈ ခုနှစ်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် လက်ရှိတွင် အသက်(၂၉)နှစ်ရှိနေပြီး ၎င်း၏ စာချုပ်သက်တမ်း ကုန်ဆုံးမည့် ၂ဝ၁၈ ခုနှစ် နွေရာသီကာလတွင် အသက်(၃၃)နှစ်ပြည့်မည်ဖြစ်ကြောင်းလည်း သိရသည်။ ''စီရိုနယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ် မှာ ပျော်ရွှင်မှုရှိနေသလို ရီးယဲလ်မက်ဒရစ်အသင်းအတွက် အောင်မြင်မှုတွေအများကြီး ဆောင်ကြဉ်းပေးဦးမယ်လို့ ပြောထားတာလည်း ရှိပါတယ်၊ အဲဒါကြောင့် စီရိုနယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝ အဆုံးသတ်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်၊ စီရိုနယ်လ်ဒိုဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားတစ်ဦးလို့လည်း ဆိုရမှာပါ၊ သူ့လိုမျိုး ကစားသမား နောက်ထပ် ပေါ်လာဖို့ဆိုတာလည်း လောလောဆယ် လမ်းမမြင်မိပါဘူး''ဟု တိုက်စစ်မှူး စီရိုနယ်လ်ဒို၏ ကိုယ်စားလှယ်ဖြစ်သူက ပြောကြားခဲ့သည်။ (နိုင်လင်းကြည်)

No comments:

Post a Comment