Friday 19 December 2014

ဆန်းချက်ဇ် ဘာကြောင့် အာဆင်နယ်ကို ပြောင်းဖို့ ရွေးချယ်ခဲ့လဲဆိုတာ ထုတ်ဖော်ပြောလိုက်တဲ့ အာဆင်ဝင်ဂါး

ဆန်းချက်ဇ် ဘာကြောင့် အာဆင်နယ်ကို ပြောင်းဖို့ ရွေးချယ်ခဲ့လဲဆိုတာ ထုတ်ဖော်ပြောလိုက်တဲ့ အာဆင်ဝင်ဂါး
=====================================================

အာဆင်နယ်ရဲ့ ကစားပုံ စတိုင်ဟာ ဆန်းချက်ဇ်အတွက် ပိုပြီး လိုက်လျောညီထွေဖြစ်တာကြောင့် ဆန်းချက်ဇ်ကို အပြိုင်ခေါ်တဲ့ လီဗာပူးအသင်းကိုကျော်ပြီး အီမရိတ်ကွင်းဆီရောက်အောင် သိမ်းသွင်းခေါ်ဆောင်နိုင်တာဖြစ်တယ်လို့ အာဆင်ဝင်းဂါးက ဆိုပါတယ်။

ဒါကတော့ တနင်္ဂနွေညချမ်း အန်ဖီးမှာ ကန်ရမယ့် လီဗာပူး - အာဆင်နယ်ပွဲကြိုစကားအဖြစ် အာဆင်ဝင်းဂါးတစ်ယောက် mind game စလိုက်တာဖြစ်ပါတယ်။

အာဆင်ဝင်းဂါးဆက်ပြောတာကတော့ "ကျွန်တော်တို့ မနှစ်က လီဗာပူးအတွက် ဂိုးလေးဆယ်သွင်းထားတဲ့ တိုက်စစ်မှုး ဆွာရက်ဇ်ကို ခေါ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါဟာ သူတို့အသင်းနဲ့ ကျွန်တော်တို့ ပြိုင်ဆိုင်မှုရဲ့ အစိတ်အပိုင်းတစ်ခုပေါ့။"

"ခုချိန်မှာတော့ ကစားသမားကောင်းတွေဟာ ပိုကောင်းတဲ့ အသင်းကို ရွေးချယ်လာကြပါပြီ။ အလက်ဆစ်ဟာ ကျွန်တော်တို့ အသင်းကို ပြောင်းဖို့ ရွေးချယ်ခဲ့ပြီး သူ့ရဲ့ ရွေးချယ်မှုကြောင့် ကျွန်တော်တို့ ပျော်ရွင်ခဲ့ရပါတယ်။ သူဘာလို့ တခြားအသင်းတွေထက် ကျွန်တော်တို့ အသင်းကို ရွေးချယ်ခဲ့သလဲဆိုတာ သေချာမသိပေမယ့် ခုလိုသူ့ရဲ့ ရွေးချယ်မှုကြောင့် ကျွန်တော်တို့အားလုံး ပျော်ရွင်ရပါတယ်။"

"တခြားမန်နေဂျာတွေလိုဘဲ ကျွန်တော်လည်း ကျွန်တော့ ကစားသမားတွေ အရည်အချင်း မြင့်လာအောင် အမြဲကြိုးစားပါတယ်။ ကျွန်တော်တို့ ကစားနေတဲ့ စတိုင်ကလည်း အလက်ဆစ်နဲ့ ကိုက်ညီတာကြောင့် ကျွန်တော်တို့ အသင်းဆီ သူပြောင်းလာတာ ဖြစ်ပါလိမ့်မယ်။"

"ကစားသမားတွေအားလုံးကလည်း ချန်ပီယံလိဂ်မှာ ကစားချင်တဲ့ ဆန္ဒကိုယ်စီ ရှိကြပါတယ်။ ကျွန်တော်တို့ကလည်း ဒီလို အဆင့်မြင့် ပြိုင်ပွဲမှာ အမြဲဝင်ကစားနိုင်အောင် ကြိုးစားတာကြောင့်လည်း သူဒီအသင်းကို ရွေးတာဖြစ်ပါလိမ့်မယ်" ဆိုပြီး အလက်ဆစ် အာဆင်နယ်ကို ရွေးချယ်ရတဲ့ အကြောင်းကို ပြောကြားသွားပါတယ်။

ခရစ်စမတ်ပွဲကြပ်ကို ဘယ်လိုရင်ဆိုင်မလဲမေးတော့ ဝင်းဂါးက "ခုချိန်ဟာ အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ခရစ်စမတ်အပြီးမှာ ကျွန်တော်တို့ဟာ ၄ ပွဲ ၅ ပွဲလောက်ကို ကစားဖို့ရှိနေပါတယ်။ ဒါအပြီးမှာ ကျွန်တော်တို့အသင်းဟာ ဒီထက်ပိုမြင့်တဲ့ အဆင့်မှာ အခိုင်အမာရပ်တည်နေမယ်လို့ ယုံကြည်ပါတယ်။ ဇန်နဝါရီဆိုတဲ့ တောင်ကုန်းထိပ်ပေါ် ရောက်သွားရင်တော့ ကျွန်တော်တို့ လက်ကျန်ရာသီကို ဘယ်လို အဆုံးသတ်ရမလဲ၊ ဘယ်လို ဒီလိုတောင်ကုန်းပေါ် အရောက်တက်လာခဲ့လဲဆိုတာ သုံးသပ်လို့ ရသွားပါလိမ့်မယ်။ ဒီခရစ်စမတ်စ်ဆိုတဲ့ ပွဲကျပ်ကာလကို အောင်မြင်စွာ ကျော်လွားနိုင်ဖို့က အလွန်အရေးကြီးပါတယ်။"

လီဗာပူးနဲ့ ပွဲကို ဘယ်လိုပြင်ဆင်ထားလဲမေးတော့ အာဆင်ဝင်းဂါးက "ကျွန်တော်တို့ဟာ နောက်ဆုံး ကစားထားတဲ့ ၆ ပွဲမှာ ၅ ပွဲ အနိုင်ရထားတယ်။ ဒီလက်ရှိပုံစံကို ထိန်းထားပြီး ဆက်ပြေးနေရမယ်။ တနင်္ဂနွေမှာ ပွဲကောင်းတပွဲက ကျွန်တော်တို့ကို စောင့်ကြိုနေပြီး အဲ့ပွဲမှာ ကျွန်တော်တို့ တိုက်စစ်နဲ့ ခံစစ် မျှတမှုကောင်းကောင်းနဲ့ ယှဉ်ပြိုင်ရမယ်။"

ဆက်ပြီး ပြောသွားတာကတော့ "ဒီနှစ်မှာတော့ သူတို့(လီဗာပူး)ဟာ ၁၉ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် မနှစ်က ဆွာရက်ဇ်ရှိစဉ်ကလို တိုက်စစ်ပိုင်း သိပ်အကောင်းကြီးမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေက ပွဲအစမှာကတည်းက တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ပြီး ကျွန်တော်တို့တွေကတော့ ပွဲစပြီး တော်တော်ကြာမှ အချိတ်အဆက်မိတဲ့ အသင်းဖြစ်နေတယ်။ ဒါကြောင့် ဒါကိုတော့ သတိထားပြင်ဆင်ဖို့ လိုပါလိမ့်မယ်" လို့ ပြောသွားပါတယ်ဗျာ။

Ch@n-G


မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com  ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com

No comments:

Post a Comment