Saturday 27 December 2014

မေတ္တာဘာဝနာ ပါဠိ-မြန်မာ( မေတ္တာပို့ ) ••••••••••••••••••••••••••••••••••••••••••••

မေတ္တာဘာဝနာ ပါဠိ-မြန်မာ( မေတ္တာပို့ ) ••••••••••••••••••••••••••••••••••••••••••••

၁။ အဟံ အဝေရော ဟောမိ၊ အဗျာပဇ္ဇော ဟောမိ၊ အနီဃော ဟောမိ၊ သုခီ အတ္တာနံ ပရိဟရာမိ ။ အကျွန်ုပ်သည်- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရပါလို၏။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းရပါလို၏။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရပါလို၏။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရပါလို၏။

၂။ သီမဋ္ဌသံဃော- အဝေရော ဟောတု၊ အဗျာပဇ္ဇော ဟောတု၊ အနီဃော ဟောတု၊ သုခီ အတ္တာနံ ပရိဟရတု ။ ကျောင်းတိုက်အတွင်းမှာနေ အားလုံးသော သံဃာတော်တွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။


၃။ သီမဋ္ဌဒေ၀တာ- အဝေရာ ဟောန္တု ၊ အဗျာပဇ္ဇာ ဟောန္တု ၊ အနီဃာ ဟောန္တု ၊ သုခီ အတ္တာနံ ပရိဟရန္တု ။ ကျောင်းတိုက်အတွင်းမှာနေ အားလုံးသော နတ်ဗြဟ္မာတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၎။ အမှာကံ ဂေါစရဂါမေ ဇေဋ္ဌကမနုဿာ- အဝေရာ ဟောန္တု ၊ အဗျာပဇ္ဇာ ဟောန္တု ၊ အနီဃာ ဟောန္တု ၊ သုခီ အတ္တာနံ ပရိဟရန္တု ။ တို့မြို့ရွာမှာနေ အားလုံးသော လူကြီးတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၅။ အမှာကံ ဂေါစရဂါမေ မနုဿာ- အဝေရာ ဟောန္တု ၊ အဗျာပဇ္ဇာ ဟောန္တု ၊ အနီဃာ ဟောန္တု ၊ သုခီ အတ္တာနံ ပရိဟရန္တု ။ တို့မြို့ရွာမှာနေ အားလုံးသော လူတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၆။ အမှာကံ မာတာပိတု အာစရိယ ဉာတိမိတ္တ သမူဟာ- အဝေရာ ဟောန္တု ၊ အဗျာပဇ္ဇာ ဟောန္တု ၊ အနီဃာ ဟောန္တု ၊ သုခီ အတ္တာနံ ပရိဟရန္တု ။ အကျွန်ုပ်တို့၏ မိခင်ဖခင်၊ ဆရာသခင် ကျေးဇူးရှင်နှင့် ဆွေမျိုးသားချင်း မိတ်ဆွေအပေါင်းတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၇။ အာရက္ခဒေ၀တာ၊ ရုက္ခဋ္ဌဒေ၀တာ၊ ဘူမဋ္ဌဒေ၀တာ၊ အာကာသဋ္ဌဒေ၀တာ- အဝေရာ ဟောန္တု ၊ အဗျာပဇ္ဇာ ဟောန္တု ၊ အနီဃာ ဟောန္တု ၊ သုခီ အတ္တာနံ ပရိဟရန္တု ။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ၀င်းစောင့်နတ်၊ ခြံစောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်, နယ်စောင့်နတ် ၊ နိုင်ငံစောင့်နတ် ၊ သာသနာတော်စောင့်နတ်၊ လောကစောင့်နတ်၊ သစ်ပင်စောင့်နတ် ၊ မြေစောင့်နတ် ၊ ကောင်းကင်၌တည်သော နတ်ဗြဟ္မာတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၈။ သဗ္ဗေ သတ္တာ, သဗ္ဗေ ပါဏာ, သဗ္ဗေ ဘူတာ, သဗ္ဗေ ပုဂ္ဂလာ, သဗ္ဗေအတ္တဘာဝ ပရိယာပန္နာ, သဗ္ဗာ ဣတ္ထိယော, သဗ္ဗေ ပုရိသာ, သဗ္ဗေ အရိယာ, သဗ္ဗေ အနရိယာ, သဗ္ဗေ ဒေ၀ါ, သဗ္ဗေ မနုဿာ, သဗ္ဗေ ၀ိနိပါတိကာ- အဝေရာ ဟောန္တု ၊ အဗျာပဇ္ဇာ ဟောန္တု ၊ အနီဃာ ဟောန္တု ၊ သုခီ အတ္တာနံ ပရိဟရန္တု ။ အားလုံးသော သတ္တ၀ါတွေ, အားလုံးသော အသက်ရှိသူတွေ, အားလုံးသော ကိုယ်ထင်ရှားရှိသူတွေ, အားလုံးသော ပုဂ္ဂိုလ်တွေ, အားလုံးသော ခန္ဓာကိုယ်အတ္တဘောရှိသူတွေ, အားလုံးသော အမျိုးသမီးတွေ, အားလုံးသော အမျိုးသားတွေ, အားလုံးသော အရိယာတွေ, အားလုံးသော ပုထုဇဉ်တွေ, အားလုံးသော နတ်ဗြဟ္မာတွေ, အားလုံးသော လူတွေ, အားလုံးသော အပါယ်ဘုံသားတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၉။ ပုရတ္ထိမာယ ဒိသာယ၊ ပစ္ဆိမာယ ဒိသာယ၊ ဥတ္တရာယ ဒိသာယ၊ ဒက္ခိဏာယ ဒိသာယ၊ ပုရတ္ထိမာယ အနုဒိသာယ၊ ပစ္ဆိမာယ အနုဒိသာယ၊ ဥတ္တရာယ အနုဒိသာယ၊ ဒက္ခိဏာယ အနုဒိသာယ၊ ဟေဋ္ဌိမာယ ဒိသာယ၊ ဥပရိမာယ ဒိသာယ၊ သဗ္ဗေ သတ္တာ, သဗ္ဗေ ပါဏာ, သဗ္ဗေ ဘူတာ, သဗ္ဗေ ပုဂ္ဂလာ, သဗ္ဗေအတ္တဘာဝ ပရိယာပန္နာ, သဗ္ဗာ ဣတ္ထိယော, သဗ္ဗေ ပုရိသာ, သဗ္ဗေ အရိယာ, သဗ္ဗေ အနရိယာ, သဗ္ဗေ ဒေ၀ါ, သဗ္ဗေ မနုဿာ, သဗ္ဗေ ၀ိနိပါတိကာ- အဝေရာ ဟောန္တု ၊ အဗျာပဇ္ဇာ ဟောန္တု ၊ အနီဃာ ဟောန္တု ၊ သုခီ အတ္တာနံ ပရိဟရန္တု ။ အရှေ့အရပ်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ အနောက်အရပ်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ မြောက်အရပ်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ တောင်အရပ်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ အရှေ့တောင်ထောင့်အရပ်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ အနောက်မြောက်ထောင့်အရပ်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ အရှေ့မြောက်ထောင့်အရပ်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ အနောက်တောင်ထောင့်အရပ်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ အောက်အရပ်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ အထက်အရပ်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

(မှတ်ချက်။) အားလုံးသော အသက်ရှိသူတွေ, အားလုံးသော ကိုယ်ထင်ရှားရှိသူတွေ, အားလုံးသော ပုဂ္ဂိုလ်တွေ, အားလုံးသော ခန္ဓာကိုယ်အတ္တဘောရှိသူတွေ, အားလုံးသော အမျိုးသမီးတွေ, အားလုံးသော အမျိုးသားတွေ, အားလုံးသော အရိယာတွေ, အားလုံးသော ပုထုဇဉ်တွေ, အားလုံးသော နတ်ဗြဟ္မာတွေ, အားလုံးသော လူတွေ, အားလုံးသော အပါယ်ဘုံသားတွေ, ဟု ပြောင်း၍ ဆိုပါလေ။

၁၀။ ဥဒ္ဓံ ယာဝ ဘ၀ဂ္ဂါ စ၊ အဓော ယာဝ အ၀ီစိတော ။ သမန္တာ စက္က၀ါဠေသု၊ ယေ သတ္တာ ပထ၀ီ စရာ ။ အဗျာပဇ္ဇာ နိဝေရာ စ၊ နိဒ္ဒုက္ခာ စာနုပဒ္ဒ၀ါ ။ အထက်ဘ၀ဂ်, အောက်အ၀ီစိ ပတ်ဝန်းကျင် တသောင်းသော စကြာဝဠာတို့၌- မြေပြင်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၁၁။ ဥဒ္ဓံ ယာဝ ဘ၀ဂ္ဂါ စ၊ အဓော ယာဝ အ၀ီစိတော ။ သမန္တာ စက္က၀ါဠေသု၊ ယေ သတ္တာ ဥဒကေ စရာ ။ အဗျာပဇ္ဇာ နိဝေရာ စ၊ နိဒ္ဒုက္ခာ စာနုပဒ္ဒ၀ါ ။ အထက်ဘ၀ဂ်, အောက်အ၀ီစိ ပတ်ဝန်းကျင် တသောင်းသော စကြာဝဠာတို့၌- ရေထဲမှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၁၂။ ဥဒ္ဓံ ယာဝ ဘ၀ဂ္ဂါ စ၊ အဓော ယာဝ အ၀ီစိတော ။ သမန္တာ စက္က၀ါဠေသု၊ ယေ သတ္တာ အာကာသေ စရာ ။ အဗျာပဇ္ဇာ နိဝေရာ စ၊ နိဒ္ဒုက္ခာ စာနုပဒ္ဒ၀ါ ။ အထက်ဘ၀ဂ်, အောက်အ၀ီစိ ပတ်ဝန်းကျင် တသောင်းသော စကြာဝဠာတို့၌- ကောင်းကင်မှာနေ အားလုံးသော သတ္တ၀ါတွေ- ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၁၃။ ယံ ပတ္တံ ကုသလံ တဿ၊ အာနုဘာဝေန ပါဏိနော။ သဗ္ဗေ သဒ္ဓမ္မရာဇဿ၊ ဉတွာ ဓမ္မံ သုခါဝဟံ။ အကျွန်ုပ်ပြုလုပ်သမျှ ကုသိုလ်ကောင်းမှု၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် သတ္တ၀ါအားလုံး ဘုရားရှင်၏ တရားတော်များကို သိရှိကြ၍ ချမ်းသာကို ဆောင်နိုင်ကြပါစေ။

၁၄။ ပါပုဏန္တု ၀ိသုဒ္ဓါယ၊ သုခါယ ပဋိပတ္တိယာ။ အသောက,မနုပါယာသံ၊ နိဗ္ဗာန သုခမုတ္တမံ။ သတ္တ၀ါအားလုံး ၀ိပဿနာတရား ကြိုးစား အားထုတ်နိုင်ကြ၍ သောကကင်းရာ၊ ဥပါဒါန်ကင်းရာ နိဗ္ဗာန်ချမ်းသာမြတ်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

၁၅။ စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရ၀ါ။ သဗ္ဗေပိ သတ္တာ ကာလေန၊ သမ္မာ ဒေဝေါ ပ၀ဿတု။ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ပါစေ။ သတ္တ၀ါများ တရားတော်ကို ရိုသေလေးစားကြပါစေ။ မိုးသည် ရွာသင့်သောအခါ၌ မှန်မှန်ရွာပါစေ။

၁၆။ ယထာ ရက္ခိံသု ပေါရာဏာ၊ သုရာဇာနော တထေ၀ိမံ။ ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ။ ( ရှင်မဟာဗုဒ္ဓဃောသ ) ရှေးရှေး မင်းကောင်းမင်းမြတ်တို့သည် သတ္တ၀ါများ (တိုင်းသူပြည်သာများ) အား ရင်ဝယ်သားကဲ့သို့ သနားစောင့်ရှောက်သလို ယခုခေတ် တိုင်းပြည်အသီးသီးရှိ မင်းစိုးရာဇာများကလည်း တိုင်းသူပြည်သားများအား ရင်ဝယ်သားကဲ့သို့ မေတ္တာ စေတနာထားကာ စောင့်ရှောက်နိုင်ကြပါစေ။







မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက်အထူးသတင်း

ရွှေရောင်ဘားရှင်းအသစ်မှာ

လူထုအော်သံ blogတစ်ခုထည့်

ပေးထားပါသည်

အဲဒီအတွက်ကြောင့်ကျွန်တော်များ

မိုးညှင်းသတင်းapkသို့

မိမိတို့ဖြစ်ပျက်နေသော

ခံစားနေရသော

အကြောင်းအရာများကို

ကျွန်တော်များမိုးညှင်းသတင်း

apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ

gmailလိပ်စာအသစ်

mohnyinnews@gmail.com  ပါ

ယခု gmailအသစ်က

မိုးညှင်းသတင်းapkနှင့်Automatic

ဆက်သွယ်ထားသည့်အတွက်

ညီအကိုမောင်နှမများပေးပို့ခဲ့ပါက

မိုးညှင်းသတင်းapkမှာပို့ပြီး

၃နာရီအတွင်းAutomaticမြင်တွေ့ရမှာ

ဖြစ်ပါတယ်

gmail အသစ်ကapkထဲကိုAutomatic

ရောက်ရှိတဲ့အတွက်ကြော်ငြာများ

မပေးပို့ကြပါရန်အထူး

မေတ္တာရပ်ခံပါသည်

ကြော်ငြာများပေးပို့ပါက

အာက်ပါgmailသို့

ပေးပို့ကြပါရန်

mohnyinnewsnow@gmail.com

No comments:

Post a Comment