Tuesday 7 July 2015

စစ်တပ်မရှိရင်တိုင်းပြည်ပျက်မယ်တဲ့ မှန်ပါတယ် စစ်တပ်ကနိုင်ငံတစ်ခုအတွက် အင်မတန်အရေးကြီးတာလက်ခံပါတယ်

စစ်တပ်မရှိရင်တိုင်းပြည်ပျက်မယ်တဲ့ မှန်ပါတယ် စစ်တပ်ကနိုင်ငံတစ်ခုအတွက် အင်မတန်အရေးကြီးတာလက်ခံပါတယ် သို့ သော် --- စစ်တပ်က တိုင်းပြည်တစ်ခုအတွက်မရှိမဖြစ်လိုတယ်ဆိုပေမယ့် ကျောင်းသားတွေ လယ်သမားတွေ ကရော နိုင်ငံအတွက်အရေးမပါဘူးလား?? စစ်တပ် ရှိလို့ စပါးမရဘူး လယ်သမားရှိမှ လယ်ရှိမှဆန်စပါးရမယ် စစ်တပ်ရှိလို့  ကလေးတွေပညာမတတ်နိုင်ဘူး စာသင်ကျောင်းတွေရှိမှ ကျောင်းသားတွေရှိမှ နိုင်ငံအနာဂတ်အတွက်စိတ်ချရမှာပါ ဒီတော့လွှတ်တော်ထဲမှာ လည်း တိုင်းပြည်အတွက်မရှိမဖြစ်စစ်တပ်အစိတ်သားတွေ နေရာယူထားရင် ကျောင်းသားတွေ လယ်သမားတွေလည်းလွှတ်တော်ထဲထည့်လိုက်ပါ လယ်ယာမြေတွေသိမ်း ကျောင်းသားတွေရိုက်သတ် တပ်ပိုင်မြေတွေလုပ် သံဃာကိုခြေထောက်နဲ့ ကန်နံပတ်တုတ်နဲ့ ရိုက် တိုင်းရင်းသားတွေကိုအနိုင်ကျင်နေတဲ့ စစ်တပ်က မရှိမဖြစ်ဆိုတဲ့ စကားသုံးပြီး လွှတ်တော်ထဲအရှက်မရှိ အာဏာတည်မြဲလူတစ်စုကောင်းစားရေးအတွက် လိုက်ရှူပ်နေတာ ဒေါ်စုကို အပုပ်လိုက်ချနေတာ တော့ ရွံစရာအင်မတန်ကောင်းပါတယ် စစ်တပ်ကိုအလိုရှိပါတယ် သို့ သော် လူသားဆန်တဲ့စစ်တပ်ကိုပါ ဘရဏီသုတ

No comments:

Post a Comment