Sunday 12 July 2015

အဝေးသင်တက္ကသိုလ် စီးပွားရေးဘာသာရပ် ဝင်ခွင့်အမှတ်တိုးမြှင့်


ယခုနှစ်အဝေးသင်တက္က သိုလ်ဝင်ခွင့်တွင် စီးပွားရေးပညာ ဘာသာရပ်ကို စုစုပေါင်းရမှတ် ၃၅၀ နှင့် ဘာသာရပ်တိုင်း ၅၀ မှတ်နှင့်အထက်ရရှိရန် ပြောင်းလဲ သတ်မှတ်ထားကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ်မှ သတင်း ရရှိသည်။
‘‘အခုလို အမှတ်ပြောင်းလဲ သတ်မှတ်ရတာက အရင်နှစ်တွေ က စီးပွားရေးပညာက အမှတ် နည်းတဲ့အတွက် စာမေးပွဲအကျ များကြတယ်။ စာလည်း သိပ်မ လိုက်နိုင်ကြဘူး။ အဲဒါကြောင့် ဒီနှစ်အမှတ်မြှင့်လိုက်တာပါ’’ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်အေးအေးက ပြောသည်။
ပြီးခဲ့သည့်နှစ်က စီးပွားရေး ပညာဘာသာရပ်အတွက် ဘောဂ ဗေဒဘာသာရပ်ပါဝင်သော ဘာ သာတွဲဖြင့် အောင်မြင်သူများ သည် ဘောဂဗေဒဘာသာရပ် ရ မှတ် ၆၀ မှတ်၊ စုစုပေါင်းရမှတ် ၃၀၀ မှတ်နှင့်အထက် ရရှိရမည် ဖြစ်ပြီး ဘောဂဗေဒဘာသာရပ် မပါဝင်သာ ဘာသာတွဲဖြင့် အောင်မြင်သူများသည် စုစုပေါင်းရမှတ် ၃၂၀ မှတ်နှင့်အထက် ရရှိရမည် ဟု ၂၀၁၄ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်တွင် ဖော်ပြထားသည်။
ယခုနှစ် တိုးမြှင့်လိုက်သော အဝေးသင်တက္ကသိုလ်စီးပွားရေး ပညာဘာသာရပ် ရမှတ်သည် ၂၀၁၄ က အခြားစီးပွားရေးတက္က သိုလ်များ၌ သတ်မှတ်ထားသော အမှတ်နှင့်တူညီကြောင်း သိရ သည်။ ယခုနှစ် အဝေးသင်တက္က သိုလ်ဝင်ခွင့်တွင် သိပ္ပံဘာသာရပ် များအတွက်လည်း ဝင်ခွင့်နယ်မြေ သတ်မှတ်မှုကို ဖြေလျှော့မည်ဟု သိရသည်။ ယခင်က သိပ္ပံ ဘာသာရပ် အဝေးသင်တက်မည့် ကျောင်းသားအနေဖြင့် မိမိ တက် ရောက်မည့် တက္ကသိုလ်နှင့် နီးပြီး သိပ္ပံ လက်တွေ့သင်တန်းများ ကိုယ်တိုင်တက်ရောက်နိုင်မည့် ကျောင်းသားမျိုးကိုသာ စိစစ် လက်ခံခဲ့ကြောင်း သိရသည်။‘‘ဒီနှစ်မှာ ကျောင်းသားတွေ ဘက်ကလည်း သိပ္ပံဘာသာရပ်ကို သင်ကြားချင်လို့ တောင်းဆိုလာ တဲ့အတွက် နယ်မြေကန့်သတ်မှု ကို လျှော့ပေးလိုက်တာပါ။ ဒီနှစ် ဘယ်နယ်မြေကပဲ အောင်အောင် သိပ္ပံလျှောက်ခွင့်ရှိသွားပြီ။ သိပ္ပံ ဘာသာရပ်တွေ ယူတဲ့သူလည်း များလာနိုင်တယ်’’ဟု ရန်ကုန်အ ဝေးသင်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်အေး အေးက ပြောသည်။
အဝေးသင်တက္ကသိုလ်များ ၏ ပထမနှစ်သင်တန်းများကို ဒီ ဇင်ဘာတွင် ပုံမှန်လက်ခံလေ့ရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် တက္က သိုလ်များ၌ အဝေးသင်ဌာနခွဲ ၃၅ ခုရှိကြောင်း သိရသည်။


No comments:

Post a Comment