Sunday 12 July 2015

လျှပ်စစ်စက်ကွင်းနှင့် ဓာတ်လိုက်မှုအန္တရာယ် ============================

လျှပ်စစ်စက်ကွင်းနှင့် ဓာတ်လိုက်မှုအန္တရာယ်
============================

လျှပ်စစ်ပစ္စည်းများ ကိုင်တွယ် အသုံးပြုခြင်း၊ လျှပ်စစ်ဆိုင်ရာလုပ် ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ် အသိမရှိခြင်း၊ လျှပ်စစ်အသိရှိသော် လည်း သတိမမူခြင်းကြောင့် လျှပ်စစ် အန္တရာယ်ဖြင့် ထိခိုက်ဒဏ်ရာ ရရှိ ခြင်း၊ အသက်ဆုံးရှုံးမှုများ၊ မီးလောင် မှုများနှင့် ကြုံတွေ့နေရပေသည်။ လျှပ်စစ်အန္တရာယ်ကြောင့် ထိခိုက်မှု၊ အသက်ဆုံးရှုံးမှု ဖြစ်ပွားရခြင်းတွင် အပိုင်း နှစ်ပိုင်း ခွဲခြားနိုင်ပါသည်-

(၁) လျှပ်စစ်စက်ကွင်းအတွင်း ဝင်ရောက်မိ၍ လျှပ်စစ်အန္တရာယ် ဖြစ်ပွားရခြင်း၊

(၂) လျှပ်စစ် စီးဆင်းနေသော ဝိုင်ယာကြိုး၊ လျှပ်စစ်ပစ္စည်းများကို ထိမိခြင်း၊ ကိုင်တွယ်မိရာမှ ခန္ဓာကိုယ် ကိုဖြတ်၍ လျှပ်စစ်စီးခြင်းကြောင့် လျှပ်စစ်အန္တရာယ် ဖြစ်ပွားရခြင်း တို့ပင် ဖြစ်ပါသည်။

လျှပ်စစ်စက်ကွင်းအတွင်း ဝင် ရောက်မိ၍ လျှပ်စစ်အန္တရာယ် ကြုံ တွေ့ရခြင်းသည် ဗို့အားပြင်း ဓာတ် အားလိုင်းများ၊ ဗို့အားပြင်းဓာတ်အား ခွဲရုံများအနီးသို့ ချဉ်းကပ်မိရာမှ အန္တရာယ်ဖြစ်နိုင်သော လျှပ်စစ်စက် ကွင်းအတွင်းသို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပါသည်။ ဤနေရာတွင် လျှပ်စစ် စက်ကွင်းဆိုသည်ကို ရှင်းလင်း အောင်သိဖို့လိုပါသည်။ ဝိုင်ယာကြိုး တစ်ချောင်းတွင် လျှပ်စစ်ဖြတ်သန်း စီးဆင်းပါက ယင်းဝိုင်ယာကြိုး ပတ် လည်တွင် လျှပ်စစ်စက်ကွင်း ဖြစ် ပေါ်မည် ဖြစ်ပါသည်။အသုံးပြုသော ဗို့အား အမျိုးအစားပေါ် မူတည်၍ လျှပ်စစ်စက်ကွင်းဧရိယာ အကျယ် အဝန်း အကွာအဝေး ဖြစ်ပေါ်ပါမည်။ ထင်သာမြင်သာအောင် ပြောရပါက ဖယောင်းတိုင်မီးအလင်းရောင်၊ ၂ပေ မီးချောင်းအလင်းရောင်၊ ၄ ပေ မီး ချောင်း အလင်းရောင်၊ ဆိုဒီယမ် မီး လုံး အလင်းရောင်တို့၏ ပတ်ဝန်းကျင် အလင်းရောင်ရောက်ရှိမှု အကွာ အဝေးများ မတူညီမှုကို လူတိုင်းတွေ့ ရှိခံစားနိုင်ပေသည်။ လျှပ်စစ်စက် ကွင်းသည် မျက်မြင်မတွေ့နိုင်သော် လည်း လျှပ်စစ်တိုင်းတာရေး ကိရိယာ နှင့် တိုင်းတာခြင်းဖြင့် စက်ကွင်းကို တွေ့ရှိနိုင်ပါသည်။ လျှပ်စစ်စက်ကွင်း တွင် အန္တရာယ်ရှိသော ထိရောက်မှု အကွာအဝေးသည်လျှပ်စစ်အန္တရာယ် ရှိသော နေရာပင်ဖြစ်ပါသည်။လျှပ် စစ်ဗို့အား အမျိုးအစားအလိုက် ဖြစ် ပေါ်သော လျှပ်စစ်စက်ကွင်း ပြင်း အားပေါ်မူတည်ပြီး အန္တရာယ်ရှိနိုင် သော အကွာအဝေးကို သတ်မှတ် ထားကြပါသည်-

ဓာတ်အားလိုင်းများနှင့် ဓာတ်အား ခွဲရုံများတွင် ဖော်ပြပါ အန္တရာယ်ရှိနိုင် သော အကွာအဝေးအတွင်းသို့ ဝင် ရောက်မိပါက လျှပ်စစ်အန္တရာယ် ကြုံတွေ့ရမည်ဖြစ်သည်။ အန္တရာယ် ရှိသော လျှပ်စစ်စက်ကွင်းအတွင်းသို့ ဝင်ရောက်ရာတွင် လူကိုယ်တိုင် ဝင်ရောက်မိ၍သော်လည်းကောင်း၊ လျှပ်စစ်ဓာတ်အားစီးဆင်းနိုင်သော လျှပ်စစ်ပစ္စည်း (ဥပမာ သံပိုက်လုံး၊ ဝါးလုံးအစို) စသည်များကို ကိုင်တွယ် အသုံးပြုနေစဉ် ယင်းပစ္စည်းများသည် အန္တရာယ်ရှိသော လျှပ်စစ်စက်ကွင်း အတွင်းရောက်ရှိရာမှ လူသို့တစ်ဆင့် လျှပ်စစ်စီးဝင်ပြီး လျှပ်စစ်အန္တရာယ် ရောက်ရှိခြင်း ဖြစ်သည်။ လျှပ်စစ် စက်ကွင်းပြင်းအားသည် ရာသီဥတု အခြေအနေပတ်ဝန်းကျင် စိုစွတ်မှု၊ ခြောက်သွေ့မှုတို့ပေါ်တွင်လည်း များ စွာ မူတည်နေပါသည်။ မိုးရာသီ ကာလ မိုးရွာလွန်းချိန်များတွင် လေထု သည် စိုစွတ်ခြင်းကြောင့် လျှပ်စစ် စက်ကွင်း၏ ထိရောက်မှု အကွာ အဝေးသည် ခြောက်သွေ့သော အချိန် ထက် ပိုမိုဝေးကွာမှုရှိသည်။ လက် တွေ့ဖြစ်စဉ် အချို့ကို ဖော်ပြရပါက ၂ဝဝ၄ ခုနှစ် ဇူလိုင် ၇ ရက်က မိုး သည်းထန်စွာ ရွာသွန်းသော ညနေ ခင်းတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ရှိ လျှပ်စစ်တာဝန်ခံအရာရှိနှင့် အဖွဲ့ တို့က ၆၆/၃၃ ကေဗွီ ဓာတ်အားခွဲရုံ အဆောက်အအုံတံခါးဖွင့်၍ ဝင် လိုက်စဉ် ရှေ့ဆုံးမှ ဝင်ရောက်သော တာဝန်ခံအင်ဂျင်နီယာသည် ပြင်း ထန်သော လျှပ်စစ်စက်ကွင်းတွင် ထိ ကာ သမံတလင်းပေါ် ပစ်လဲကျပြီး ကိုယ်တစ်ခြမ်း မီးလောင်မှုဒဏ်ရာ ရရှိကာ သတိမေ့သွားခဲ့ပါသည်။ နောက်မှပါလာသူ အဖွဲ့ဝင် နှစ်ဦး သည်လည်း နောက်သို့လန်၍ လဲကျ သွားပါသည်။ လျှပ်စစ်စက်ကွင်းဒဏ် အထိခံရသော တာဝန်ခံအရာရှိ သည် ဆေးရုံတွင် ရက်ရှည်လများ ကုသမှုခံယူခဲ့ရပြီး ညာဘက်လက် သည် မီးလောင်မှုဒဏ်ရာများစွာဖြင့် သန်မာစွာ ဆောင်ရွက်နိုင်ခြင်း မရှိ တော့ပါ။

နောက်ဖြစ်စဉ်တစ်ခု အနေဖြင့် ၂ဝ၁၂ ခုနှစ် ဧပြီ ၁၈ ရက်က မန္တလေး မြို့ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း အောက်တွင် စည်ပင်အမှိုက်သိမ်း ယာဉ်မှကားရပ်၍ အမှိုက်များ သွန် ချရာ သန့်ရှင်းရေး အလုပ်သမားက အုန်းလက်အစိုကိုင်းကို အပေါ် ထောင်၍ ကိုင်ဆောင်ပြီး ပစ်ချရာ တွင် ၁၃၂ ကေဗွီ ဓာတ်အားလိုင်း လျှပ်စစ်စက်ကွင်းအတွင်း ကျရောက် ၍ သန့်ရှင်းရေးအလုပ်သမား ဓာတ် လိုက် သေဆုံးမှုဖြစ်ပွားခဲ့သည်။

၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ ဇောင်းတန်းရပ်ကွက်ရှိ ၂ဝဝ ကေဗွီအေ ဓာတ်အားခွဲရုံဝင်း အတွင်းသို့ စိတ်မမှန်သူ ဦးဇော်ထွေး က ဝင်ရောက်ပြီး ထရန်စဖော်မာ၏ ၄ဝဝ ဗို့အထွက် ဓာတ်အားလိုင်းကို သွပ်နန်းကြိုးဖြင့် ချိတ်၍ကိုင်လိုက် စဉ် ဓာတ်လိုက်၍ သေဆုံးခဲ့သည်။

၂ဝ၁၂ ခုနှစ် သြဂုတ် ၁၂ ရက်က မအူပင်မြို့ရှိ အိမ်တစ်အိမ်တွင် သံပိုက်လုံးဖြင့် တီဗွီအင်တာနာတိုင် ထောင်ရာမှ သံပိုက်လုံးသည် ၁၁ ကေဗွီ ဓာတ်အားလိုင်းအနီး ကပ်မိ ၍ ဓာတ်အားလိုင်းနှင့်လူ ကွာဝေး သော်လည်း လျှပ်စစ်ဓာတ်အား စီး ဝင်နေသော သံပိုက်လုံးမှတစ်ဆင့် လူ၏ခန္ဓာကိုယ်ကို လျှပ်စစ်စီးဝင်ပြီး ဓာတ်လိုက်သေဆုံးခဲ့သည်။

၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၅ ရက်က မတ္တရာမြို့ ၁၁ ကေဗွီ ဓာတ် အားလိုင်းအောက်တွင် အိမ်ဆောက် ထားသော ဦးသိန်းအောင်သည် အိမ် ခေါင်မိုးပေါ်တက်၍ အမှိုက်လှဲစဉ် ၁၁ ကေဗွီ ဓာတ်အားလိုင်း စက်ကွင်း မိကာ သေဆုံးခဲ့ရသည်။ ၆/၆ ကေဗွီ နှင့်အထက် ဗို့အားပြင်း ဓာတ်အား လိုင်း ဓာတ်အားခွဲရုံများ၏ သတ်မှတ် ထားသော အန္တရာယ်ရှိနိုင်သော အကွာအဝေးအတွင်းသို့ ဝင်ရောက် ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ် ခြင်းမပြုလုပ်ရန် လိုအပ်ပါသည်။ ထရန်စဖော်မာများတွင် လူများမဝင် ရောက်ရန် ဝင်းခြံများ ကာရံထား သော်လည်း ဓာတ်အားလိုင်းများ အတွက်မူ သတ်မှတ်အကွာအဝေး အတွင်း ဝင်ရောက်ခြင်းမပြုရန်၊ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရန် အဆောက်အအုံများ မဆောက်ရန် လိုအပ်မည် ဖြစ်ပါသည်။

ဓာတ်အားလိုင်းများ ရှိပြီးသော နေရာများတွင် ဓာတ်အားလိုင်း ဧရိယာကိုရှောင်၍ မြေကွက်များ ဖော်ထုတ်ရန် လိုအပ်ပါသည်။ အဆောက်အအုံများ၊ မြေကွက်များ ဆောက်လုပ်ရာတွင် ဓာတ်အားလိုင်း ကင်းလွတ်အကွာအဝေးကို သတ် မှတ်ထားပါသည်။ ဖော်ပြပါ ဓာတ် အားလိုင်း ကင်းလွတ်အကွာအဝေး ကို အိမ်ရာမြေချထားပေးသောသူ များ၊ ဆောက်လုပ်နေထိုင်သူများ လိုက်နာဆောင်ရွက်ခြင်းဖြင့် လျှပ်စစ် အန္တရာယ် ကင်းဝေးမည်ဖြစ်ပါ ကြောင်း ဖော်ပြအပ်ပါသည်။

လျှပ်စစ် စက်ကွင်းများကြောင့် လျှပ်စစ်အန္တရာယ် မဖြစ်ပွားစေရန် သတိပြုရမည့် အချက်များ

- ဓာတ်အားလိုင်းကြိုးများ အနီးသို့ လူ/ပစ္စည်းများ ချဉ်းကပ်ခြင်း မပြုရ။

- ဓာတ်အားလိုင်းကြိုးအောက်နှင့် ဓာတ်အားလိုင်းကြိုးများ အနီးပတ် ဝန်းကျင်တွင် တီဗွီအင်တာနာ တိုင်ထောင်ခြင်း၊ စတီးပိုက်ချောင်း များ၊ သံပိုက်ချောင်းများ ထောင်၍ ကိုင်ဆောင်ခြင်းများ မပြုလုပ်ရ။

- ဓာတ်အားလိုင်းကြိုးများ အောက် တွင် ကားရပ်ပြီး ကားခေါင်မိုးပေါ် တက်၍ လုပ်ငန်းဆောင်ရွက်ခြင်း များ မပြုရ။

- ဓာတ်အားလိုင်းကြိုးများ အောက် နှင့် အနီးပတ်ဝန်းကျင်တွင် အဆောက်အအုံများ ဆောက်လုပ် ခြင်းမပြုရ၊ ဓာတ်အားလိုင်းကြိုး နှင့် သတ်မှတ်အကွာအဝေးတွင် သာ တည်ဆောက်ပါ။

- ဓာတ်အားလိုင်း တိုင်များပေါ်သို့ တက်ရောက် ကစားခြင်း၊ လျှပ်စစ် ကျွမ်းကျင်သူ မပါဘဲ ဓာတ်အား လိုင်းတိုင်များပေါ်တက်၍ ကြိုး ဆွဲခြင်း၊ ကြော်ငြာကပ်ခြင်း၊ ဆိုင်း ဘုတ်တင်ခြင်းမပြုရ။
ဝေယံ



No comments:

Post a Comment