Wednesday 15 July 2015

HOT NEWSသတင်စာ မှာတော့ မိုးညှင်းက စာသင်ကျောင်းတွေ အတွက် အမိန့်ထုတ်ပြန်ထားတဲ့ သတင်းပါလာတယ်။

ဒီနေ့ HOT NEWSသတင်စာ မှာတော့ မိုးညှင်းက စာသင်ကျောင်းတွေ အတွက် အမိန့်ထုတ်ပြန်ထားတဲ့ သတင်းပါလာတယ်။

by

ZawLwin ZawLwin


မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာသို့ စိမ့်စမ်းရေသွယ်ယူထားသော တည်နေရာ ရေတံခွန်လေးဖြစ်ပါတယ်

မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာသို့ စိမ့်စမ်းရေသွယ်ယူထားသော တည်နေရာ ရေတံခွန်လေးဖြစ်ပါတယ်

အလွန်သာယာသောနေရာလေးဖြစ်ပါတယ်

လားရောက်ကြည့်ရှု့နိုင်ပါသည်


မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာသို့ စိမ့်စမ်းရေသွယ်ယူထားသော တည်နေရာ ရေတံခွန်လေးဖြစ်ပါတယ်


Tuesday 14 July 2015

သွေးလွန်တုပ်ကွေးအကြာင်းပညာပေးဟောပြောပွဲ မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာ၌ပြုလုပ်

သွေးလွန်တုပ်ကွေးအကြာင်းပညာပေးဟောပြောပွဲ
မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာတွင်13.7.2015နေ့ကကျန်းမာရေး
ပညာပေးဟောပြောပွဲပြုလုပ်ကြပါသည်


Monday 13 July 2015

ယနေ့ နံနက် ၆ : ၃၀ နာရီအချိန် မှစ၍ ရွာသစ်ကုန်းအုပ်စု မူလွန်ကျောင်း၌ ဖုန် သွန် လှဲ စစ် ပြုလုပ်


ဇူလှိုင် ၁၄

ယနေ့ နံနက် ၆ : ၃၀ နာရီအချိန် မှစ၍
ရွာသစ်ကုန်းအုပ်စု မူလွန်ကျောင်း၌
အရံမီးသတ်တပ်ဖွဲ့ အမျိုးသမီးရေးရာ
မိခင်ကလေး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များမှ ဖုန်း သွန်လှဲစစ် ပြုလှုပ်ခြင်း ဆေးဖြန်းခြင်းများပြုလုပ်ကြကြောင်းသိရှိရသည်
နောက်ရက်များတွင်လည်း ကျန်မူလတန်းကျောင်းများတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှသိရိရသည်

by Naing Myo Oo



ယနေ့ နံနက် ၆ : ၃၀ နာရီအချိန် မှစ၍ ရွာသစ်ကုန်းအုပ်စု မူလွန်ကျောင်း၌  ဖုန် သွန် လှဲ စစ် ပြုလုပ်


ယနေ့ နံနက် ၆ : ၃၀ နာရီအချိန် မှစ၍ ရွာသစ်ကုန်းအုပ်စု မူလွန်ကျောင်း၌  ဖုန် သွန် လှဲ စစ် ပြုလုပ်


Sunday 12 July 2015

လျှပ်စစ်စက်ကွင်းနှင့် ဓာတ်လိုက်မှုအန္တရာယ် ============================

လျှပ်စစ်စက်ကွင်းနှင့် ဓာတ်လိုက်မှုအန္တရာယ်
============================

လျှပ်စစ်ပစ္စည်းများ ကိုင်တွယ် အသုံးပြုခြင်း၊ လျှပ်စစ်ဆိုင်ရာလုပ် ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ် အသိမရှိခြင်း၊ လျှပ်စစ်အသိရှိသော် လည်း သတိမမူခြင်းကြောင့် လျှပ်စစ် အန္တရာယ်ဖြင့် ထိခိုက်ဒဏ်ရာ ရရှိ ခြင်း၊ အသက်ဆုံးရှုံးမှုများ၊ မီးလောင် မှုများနှင့် ကြုံတွေ့နေရပေသည်။ လျှပ်စစ်အန္တရာယ်ကြောင့် ထိခိုက်မှု၊ အသက်ဆုံးရှုံးမှု ဖြစ်ပွားရခြင်းတွင် အပိုင်း နှစ်ပိုင်း ခွဲခြားနိုင်ပါသည်-

(၁) လျှပ်စစ်စက်ကွင်းအတွင်း ဝင်ရောက်မိ၍ လျှပ်စစ်အန္တရာယ် ဖြစ်ပွားရခြင်း၊

(၂) လျှပ်စစ် စီးဆင်းနေသော ဝိုင်ယာကြိုး၊ လျှပ်စစ်ပစ္စည်းများကို ထိမိခြင်း၊ ကိုင်တွယ်မိရာမှ ခန္ဓာကိုယ် ကိုဖြတ်၍ လျှပ်စစ်စီးခြင်းကြောင့် လျှပ်စစ်အန္တရာယ် ဖြစ်ပွားရခြင်း တို့ပင် ဖြစ်ပါသည်။

လျှပ်စစ်စက်ကွင်းအတွင်း ဝင် ရောက်မိ၍ လျှပ်စစ်အန္တရာယ် ကြုံ တွေ့ရခြင်းသည် ဗို့အားပြင်း ဓာတ် အားလိုင်းများ၊ ဗို့အားပြင်းဓာတ်အား ခွဲရုံများအနီးသို့ ချဉ်းကပ်မိရာမှ အန္တရာယ်ဖြစ်နိုင်သော လျှပ်စစ်စက် ကွင်းအတွင်းသို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပါသည်။ ဤနေရာတွင် လျှပ်စစ် စက်ကွင်းဆိုသည်ကို ရှင်းလင်း အောင်သိဖို့လိုပါသည်။ ဝိုင်ယာကြိုး တစ်ချောင်းတွင် လျှပ်စစ်ဖြတ်သန်း စီးဆင်းပါက ယင်းဝိုင်ယာကြိုး ပတ် လည်တွင် လျှပ်စစ်စက်ကွင်း ဖြစ် ပေါ်မည် ဖြစ်ပါသည်။အသုံးပြုသော ဗို့အား အမျိုးအစားပေါ် မူတည်၍ လျှပ်စစ်စက်ကွင်းဧရိယာ အကျယ် အဝန်း အကွာအဝေး ဖြစ်ပေါ်ပါမည်။ ထင်သာမြင်သာအောင် ပြောရပါက ဖယောင်းတိုင်မီးအလင်းရောင်၊ ၂ပေ မီးချောင်းအလင်းရောင်၊ ၄ ပေ မီး ချောင်း အလင်းရောင်၊ ဆိုဒီယမ် မီး လုံး အလင်းရောင်တို့၏ ပတ်ဝန်းကျင် အလင်းရောင်ရောက်ရှိမှု အကွာ အဝေးများ မတူညီမှုကို လူတိုင်းတွေ့ ရှိခံစားနိုင်ပေသည်။ လျှပ်စစ်စက် ကွင်းသည် မျက်မြင်မတွေ့နိုင်သော် လည်း လျှပ်စစ်တိုင်းတာရေး ကိရိယာ နှင့် တိုင်းတာခြင်းဖြင့် စက်ကွင်းကို တွေ့ရှိနိုင်ပါသည်။ လျှပ်စစ်စက်ကွင်း တွင် အန္တရာယ်ရှိသော ထိရောက်မှု အကွာအဝေးသည်လျှပ်စစ်အန္တရာယ် ရှိသော နေရာပင်ဖြစ်ပါသည်။လျှပ် စစ်ဗို့အား အမျိုးအစားအလိုက် ဖြစ် ပေါ်သော လျှပ်စစ်စက်ကွင်း ပြင်း အားပေါ်မူတည်ပြီး အန္တရာယ်ရှိနိုင် သော အကွာအဝေးကို သတ်မှတ် ထားကြပါသည်-

ဓာတ်အားလိုင်းများနှင့် ဓာတ်အား ခွဲရုံများတွင် ဖော်ပြပါ အန္တရာယ်ရှိနိုင် သော အကွာအဝေးအတွင်းသို့ ဝင် ရောက်မိပါက လျှပ်စစ်အန္တရာယ် ကြုံတွေ့ရမည်ဖြစ်သည်။ အန္တရာယ် ရှိသော လျှပ်စစ်စက်ကွင်းအတွင်းသို့ ဝင်ရောက်ရာတွင် လူကိုယ်တိုင် ဝင်ရောက်မိ၍သော်လည်းကောင်း၊ လျှပ်စစ်ဓာတ်အားစီးဆင်းနိုင်သော လျှပ်စစ်ပစ္စည်း (ဥပမာ သံပိုက်လုံး၊ ဝါးလုံးအစို) စသည်များကို ကိုင်တွယ် အသုံးပြုနေစဉ် ယင်းပစ္စည်းများသည် အန္တရာယ်ရှိသော လျှပ်စစ်စက်ကွင်း အတွင်းရောက်ရှိရာမှ လူသို့တစ်ဆင့် လျှပ်စစ်စီးဝင်ပြီး လျှပ်စစ်အန္တရာယ် ရောက်ရှိခြင်း ဖြစ်သည်။ လျှပ်စစ် စက်ကွင်းပြင်းအားသည် ရာသီဥတု အခြေအနေပတ်ဝန်းကျင် စိုစွတ်မှု၊ ခြောက်သွေ့မှုတို့ပေါ်တွင်လည်း များ စွာ မူတည်နေပါသည်။ မိုးရာသီ ကာလ မိုးရွာလွန်းချိန်များတွင် လေထု သည် စိုစွတ်ခြင်းကြောင့် လျှပ်စစ် စက်ကွင်း၏ ထိရောက်မှု အကွာ အဝေးသည် ခြောက်သွေ့သော အချိန် ထက် ပိုမိုဝေးကွာမှုရှိသည်။ လက် တွေ့ဖြစ်စဉ် အချို့ကို ဖော်ပြရပါက ၂ဝဝ၄ ခုနှစ် ဇူလိုင် ၇ ရက်က မိုး သည်းထန်စွာ ရွာသွန်းသော ညနေ ခင်းတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ရှိ လျှပ်စစ်တာဝန်ခံအရာရှိနှင့် အဖွဲ့ တို့က ၆၆/၃၃ ကေဗွီ ဓာတ်အားခွဲရုံ အဆောက်အအုံတံခါးဖွင့်၍ ဝင် လိုက်စဉ် ရှေ့ဆုံးမှ ဝင်ရောက်သော တာဝန်ခံအင်ဂျင်နီယာသည် ပြင်း ထန်သော လျှပ်စစ်စက်ကွင်းတွင် ထိ ကာ သမံတလင်းပေါ် ပစ်လဲကျပြီး ကိုယ်တစ်ခြမ်း မီးလောင်မှုဒဏ်ရာ ရရှိကာ သတိမေ့သွားခဲ့ပါသည်။ နောက်မှပါလာသူ အဖွဲ့ဝင် နှစ်ဦး သည်လည်း နောက်သို့လန်၍ လဲကျ သွားပါသည်။ လျှပ်စစ်စက်ကွင်းဒဏ် အထိခံရသော တာဝန်ခံအရာရှိ သည် ဆေးရုံတွင် ရက်ရှည်လများ ကုသမှုခံယူခဲ့ရပြီး ညာဘက်လက် သည် မီးလောင်မှုဒဏ်ရာများစွာဖြင့် သန်မာစွာ ဆောင်ရွက်နိုင်ခြင်း မရှိ တော့ပါ။

နောက်ဖြစ်စဉ်တစ်ခု အနေဖြင့် ၂ဝ၁၂ ခုနှစ် ဧပြီ ၁၈ ရက်က မန္တလေး မြို့ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း အောက်တွင် စည်ပင်အမှိုက်သိမ်း ယာဉ်မှကားရပ်၍ အမှိုက်များ သွန် ချရာ သန့်ရှင်းရေး အလုပ်သမားက အုန်းလက်အစိုကိုင်းကို အပေါ် ထောင်၍ ကိုင်ဆောင်ပြီး ပစ်ချရာ တွင် ၁၃၂ ကေဗွီ ဓာတ်အားလိုင်း လျှပ်စစ်စက်ကွင်းအတွင်း ကျရောက် ၍ သန့်ရှင်းရေးအလုပ်သမား ဓာတ် လိုက် သေဆုံးမှုဖြစ်ပွားခဲ့သည်။

၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ ဇောင်းတန်းရပ်ကွက်ရှိ ၂ဝဝ ကေဗွီအေ ဓာတ်အားခွဲရုံဝင်း အတွင်းသို့ စိတ်မမှန်သူ ဦးဇော်ထွေး က ဝင်ရောက်ပြီး ထရန်စဖော်မာ၏ ၄ဝဝ ဗို့အထွက် ဓာတ်အားလိုင်းကို သွပ်နန်းကြိုးဖြင့် ချိတ်၍ကိုင်လိုက် စဉ် ဓာတ်လိုက်၍ သေဆုံးခဲ့သည်။

၂ဝ၁၂ ခုနှစ် သြဂုတ် ၁၂ ရက်က မအူပင်မြို့ရှိ အိမ်တစ်အိမ်တွင် သံပိုက်လုံးဖြင့် တီဗွီအင်တာနာတိုင် ထောင်ရာမှ သံပိုက်လုံးသည် ၁၁ ကေဗွီ ဓာတ်အားလိုင်းအနီး ကပ်မိ ၍ ဓာတ်အားလိုင်းနှင့်လူ ကွာဝေး သော်လည်း လျှပ်စစ်ဓာတ်အား စီး ဝင်နေသော သံပိုက်လုံးမှတစ်ဆင့် လူ၏ခန္ဓာကိုယ်ကို လျှပ်စစ်စီးဝင်ပြီး ဓာတ်လိုက်သေဆုံးခဲ့သည်။

၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၅ ရက်က မတ္တရာမြို့ ၁၁ ကေဗွီ ဓာတ် အားလိုင်းအောက်တွင် အိမ်ဆောက် ထားသော ဦးသိန်းအောင်သည် အိမ် ခေါင်မိုးပေါ်တက်၍ အမှိုက်လှဲစဉ် ၁၁ ကေဗွီ ဓာတ်အားလိုင်း စက်ကွင်း မိကာ သေဆုံးခဲ့ရသည်။ ၆/၆ ကေဗွီ နှင့်အထက် ဗို့အားပြင်း ဓာတ်အား လိုင်း ဓာတ်အားခွဲရုံများ၏ သတ်မှတ် ထားသော အန္တရာယ်ရှိနိုင်သော အကွာအဝေးအတွင်းသို့ ဝင်ရောက် ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ် ခြင်းမပြုလုပ်ရန် လိုအပ်ပါသည်။ ထရန်စဖော်မာများတွင် လူများမဝင် ရောက်ရန် ဝင်းခြံများ ကာရံထား သော်လည်း ဓာတ်အားလိုင်းများ အတွက်မူ သတ်မှတ်အကွာအဝေး အတွင်း ဝင်ရောက်ခြင်းမပြုရန်၊ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရန် အဆောက်အအုံများ မဆောက်ရန် လိုအပ်မည် ဖြစ်ပါသည်။

ဓာတ်အားလိုင်းများ ရှိပြီးသော နေရာများတွင် ဓာတ်အားလိုင်း ဧရိယာကိုရှောင်၍ မြေကွက်များ ဖော်ထုတ်ရန် လိုအပ်ပါသည်။ အဆောက်အအုံများ၊ မြေကွက်များ ဆောက်လုပ်ရာတွင် ဓာတ်အားလိုင်း ကင်းလွတ်အကွာအဝေးကို သတ် မှတ်ထားပါသည်။ ဖော်ပြပါ ဓာတ် အားလိုင်း ကင်းလွတ်အကွာအဝေး ကို အိမ်ရာမြေချထားပေးသောသူ များ၊ ဆောက်လုပ်နေထိုင်သူများ လိုက်နာဆောင်ရွက်ခြင်းဖြင့် လျှပ်စစ် အန္တရာယ် ကင်းဝေးမည်ဖြစ်ပါ ကြောင်း ဖော်ပြအပ်ပါသည်။

လျှပ်စစ် စက်ကွင်းများကြောင့် လျှပ်စစ်အန္တရာယ် မဖြစ်ပွားစေရန် သတိပြုရမည့် အချက်များ

- ဓာတ်အားလိုင်းကြိုးများ အနီးသို့ လူ/ပစ္စည်းများ ချဉ်းကပ်ခြင်း မပြုရ။

- ဓာတ်အားလိုင်းကြိုးအောက်နှင့် ဓာတ်အားလိုင်းကြိုးများ အနီးပတ် ဝန်းကျင်တွင် တီဗွီအင်တာနာ တိုင်ထောင်ခြင်း၊ စတီးပိုက်ချောင်း များ၊ သံပိုက်ချောင်းများ ထောင်၍ ကိုင်ဆောင်ခြင်းများ မပြုလုပ်ရ။

- ဓာတ်အားလိုင်းကြိုးများ အောက် တွင် ကားရပ်ပြီး ကားခေါင်မိုးပေါ် တက်၍ လုပ်ငန်းဆောင်ရွက်ခြင်း များ မပြုရ။

- ဓာတ်အားလိုင်းကြိုးများ အောက် နှင့် အနီးပတ်ဝန်းကျင်တွင် အဆောက်အအုံများ ဆောက်လုပ် ခြင်းမပြုရ၊ ဓာတ်အားလိုင်းကြိုး နှင့် သတ်မှတ်အကွာအဝေးတွင် သာ တည်ဆောက်ပါ။

- ဓာတ်အားလိုင်း တိုင်များပေါ်သို့ တက်ရောက် ကစားခြင်း၊ လျှပ်စစ် ကျွမ်းကျင်သူ မပါဘဲ ဓာတ်အား လိုင်းတိုင်များပေါ်တက်၍ ကြိုး ဆွဲခြင်း၊ ကြော်ငြာကပ်ခြင်း၊ ဆိုင်း ဘုတ်တင်ခြင်းမပြုရ။
ဝေယံ



ကာတွန်းဆရာကြီး ဦးဖေသိန်း ၁၉၆၀ က ဆွဲခဲ့သောကာတွန်း။

ကာတွန်းဆရာကြီး ဦးဖေသိန်း
၁၉၆၀ က ဆွဲခဲ့သောကာတွန်း။



အဝေးသင်တက္ကသိုလ် စီးပွားရေးဘာသာရပ် ဝင်ခွင့်အမှတ်တိုးမြှင့်


ယခုနှစ်အဝေးသင်တက္က သိုလ်ဝင်ခွင့်တွင် စီးပွားရေးပညာ ဘာသာရပ်ကို စုစုပေါင်းရမှတ် ၃၅၀ နှင့် ဘာသာရပ်တိုင်း ၅၀ မှတ်နှင့်အထက်ရရှိရန် ပြောင်းလဲ သတ်မှတ်ထားကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ်မှ သတင်း ရရှိသည်။
‘‘အခုလို အမှတ်ပြောင်းလဲ သတ်မှတ်ရတာက အရင်နှစ်တွေ က စီးပွားရေးပညာက အမှတ် နည်းတဲ့အတွက် စာမေးပွဲအကျ များကြတယ်။ စာလည်း သိပ်မ လိုက်နိုင်ကြဘူး။ အဲဒါကြောင့် ဒီနှစ်အမှတ်မြှင့်လိုက်တာပါ’’ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်အေးအေးက ပြောသည်။
ပြီးခဲ့သည့်နှစ်က စီးပွားရေး ပညာဘာသာရပ်အတွက် ဘောဂ ဗေဒဘာသာရပ်ပါဝင်သော ဘာ သာတွဲဖြင့် အောင်မြင်သူများ သည် ဘောဂဗေဒဘာသာရပ် ရ မှတ် ၆၀ မှတ်၊ စုစုပေါင်းရမှတ် ၃၀၀ မှတ်နှင့်အထက် ရရှိရမည် ဖြစ်ပြီး ဘောဂဗေဒဘာသာရပ် မပါဝင်သာ ဘာသာတွဲဖြင့် အောင်မြင်သူများသည် စုစုပေါင်းရမှတ် ၃၂၀ မှတ်နှင့်အထက် ရရှိရမည် ဟု ၂၀၁၄ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်တွင် ဖော်ပြထားသည်။
ယခုနှစ် တိုးမြှင့်လိုက်သော အဝေးသင်တက္ကသိုလ်စီးပွားရေး ပညာဘာသာရပ် ရမှတ်သည် ၂၀၁၄ က အခြားစီးပွားရေးတက္က သိုလ်များ၌ သတ်မှတ်ထားသော အမှတ်နှင့်တူညီကြောင်း သိရ သည်။ ယခုနှစ် အဝေးသင်တက္က သိုလ်ဝင်ခွင့်တွင် သိပ္ပံဘာသာရပ် များအတွက်လည်း ဝင်ခွင့်နယ်မြေ သတ်မှတ်မှုကို ဖြေလျှော့မည်ဟု သိရသည်။ ယခင်က သိပ္ပံ ဘာသာရပ် အဝေးသင်တက်မည့် ကျောင်းသားအနေဖြင့် မိမိ တက် ရောက်မည့် တက္ကသိုလ်နှင့် နီးပြီး သိပ္ပံ လက်တွေ့သင်တန်းများ ကိုယ်တိုင်တက်ရောက်နိုင်မည့် ကျောင်းသားမျိုးကိုသာ စိစစ် လက်ခံခဲ့ကြောင်း သိရသည်။‘‘ဒီနှစ်မှာ ကျောင်းသားတွေ ဘက်ကလည်း သိပ္ပံဘာသာရပ်ကို သင်ကြားချင်လို့ တောင်းဆိုလာ တဲ့အတွက် နယ်မြေကန့်သတ်မှု ကို လျှော့ပေးလိုက်တာပါ။ ဒီနှစ် ဘယ်နယ်မြေကပဲ အောင်အောင် သိပ္ပံလျှောက်ခွင့်ရှိသွားပြီ။ သိပ္ပံ ဘာသာရပ်တွေ ယူတဲ့သူလည်း များလာနိုင်တယ်’’ဟု ရန်ကုန်အ ဝေးသင်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်အေး အေးက ပြောသည်။
အဝေးသင်တက္ကသိုလ်များ ၏ ပထမနှစ်သင်တန်းများကို ဒီ ဇင်ဘာတွင် ပုံမှန်လက်ခံလေ့ရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် တက္က သိုလ်များ၌ အဝေးသင်ဌာနခွဲ ၃၅ ခုရှိကြောင်း သိရသည်။


မိုးညှင်းနည်းပညာကောလိပ်အား အေဂျီတီအိုင်သင်တန်းပြောင်းလဲဖွင့် လှစ်လိုက်သဖြင့်ကျောင်းတတ်သူများလျော့နည်းသွားပြီး


မိုးညှင်းနည်းပညာကောလိပ်အား အေဂျီတီအိုင်သင်တန်းပြောင်းလဲဖွင့်
လှစ်လိုက်သဖြင့်ကျောင်းတတ်သူများလျော့နည်းသွားပြီး

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိအစိုးရနည်းပညာကောလိပ်အား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍အေဂျီတီအိုင် သင်တန်းအဖြစ်သို့ပြောင်းလဲဖွင့်လှစ်လိုက်သဖြင့်ဒေသခံများကကျေနပ်မှု့မရှိကြကြောင်းပြောဆိုနေကြပါတယ်

ကောလိပ်ကနေ တက္ကသိုလ်ဖြစ်မယ်လို့မျှော်မှန်းထားခဲ့တာ အခုတော့တက္ကသိုလ်မဟုတ်ဘဲအေဂျီတီအိုင်သင်တန်းပြန်ပြီးဖွင့်လိုက်
တော့အခက်အခဲဖြစ်ကုန်ကြပြီးအခြားမြို့ကိုသွားတက်ရတော့
ကုန်ကျစရိတ်ကြီးမားလို့ပညာဆက်လက်မသင်ယူနိုင်ဘဲပြန်ခဲ့ရတဲ့သူတွေတောင်ရှိနေပြီး

ယခင်အစိုးရနည်းပညာကောလိပ်ဖွင့်တုန်းကကျောင်းသားကျောင်းသူ တစ်ထောင်လောက်ရှိတယ်ယခုအခါအေဂျီတီအိုင်သင်တန်းဖွင့်လိုက်
တော့သုံးလောက်ပဲရှိတော့တယ်


မိုးညှင်းမြို့နယ်ဟာ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်အကောင်းဆုံးမြို့နယ်ဖြစ်ပြီးနည်းပညာနဲ့အသက်မွေးပညာကိုအဆင့်မီသူ
တိုင်းမိမိဒေသတွင်းမှာပဲပညာသင်
ယူချင်ကြပါတယ်

အဲဒါကြောင့်မိုးညှင်းမြို့နယ်အတွင်းတာဝန်ရှိသူများက
နည်းပညာကောလိပ်ပြန်လည်းဖွင့်လှစ်နိုင်ရန်တောင်းဆို
ပေးကြပါဗျာ


Mobile အကြောင်းတစေ့တစောင်း ▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼

Mobile အကြောင်းတစေ့တစောင်း
▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼
မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Mobile Network တွေအကြောင်းကို မသိသေးတဲ့ လူငယ်တွေအတွက် အနည်းအကျဉ်း လေ့လာမိသလောက် မျှဝေပေးလိုက်ပါတယ်။

ပထမဆုံး ပြောချင်တာကတော့ Mobile Network လို့ခေါ်တယ်ဆိုမှတော့ Mobile Phone စနစ်ကို အခြေခံပြီး တည်ဆောက်ထားလို့ပေါ့နော်။ ကျွန်တော် လေ့လာမိသလောက်တော့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Mobile စနစ်က လောလောဆယ် (၆) မျိုး ရှိနေပါတယ်။
၁။ Cellular
၂။ ခြင်းဖုန်းလို့ လူသိများတဲ့ CDMA
၃။ GSM
၎။ WCDMA
၅။ CDMA 450 MHz (ကမ်းရိုးတန်းဖုန်း)
၆။ CDMA 800 MHz ဆိုပြီး ရှိပါတယ်။

အဲဒီထဲကမှ ဒီနေ့ နာမည်အကြီးဆုံးနဲ့ Standard အရှိဆုံးကတော့ GSM Network စနစ်ပေါ့နော်။ ၁၉၈၀ ခုနှစ်လောက်က ဥရောပနိုင်ငံတွေမှာ Analog Cellular System ဆိုပြီးတော့ Local အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ Local ဆိုတာက ပြည်ပနိုင်ငံတွေရဲ့ ကွန်ယက်တွေ အတွင်းကို ၀င်ရောက် ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။

ဥပမာ - အင်္ဂလန်ဆို အင်္ဂလန် နိုင်ငံအတွင်းမှာပဲ ပြောလို့ ရပါတယ်။ တခြား အမေရိက တို့ ပြင်သစ်တို့ရဲ့ Network တွေထဲကို ၀င်ရောက် ပြောဆိုလို့ မရသေးပါဘူး။ အဲဒီလိုနဲ့ ၁၉၈၂ ခုနှစ်လောက်မှာ ဥရောပနိုင်ငံကြီးတွေ စုစည်းပြီးတော့ Mobile Network အတွက် စံသက်မှတ်ချက် တစ်ခုထားနိုင်ဖို့ တိုင်ပင်ကြပါတယ်။ အဲဒီနောက် Group Special Mobile လို့ခေါ်တဲ့ GSM ဆိုတဲ့ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။

၁၉၈၇ ခုနှစ်လောက်မှာတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်ဖို့ရန် တူညီတဲ့ Network တစ်ခုအတွက် နိုင်ငံပေါင်း ၁၃ နိုင်ငံ ပေါင်းပြီး Cellular Phone Network ဆိုတဲ့ ကွန်ယက် တစ်ခုကို သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ ကျွန်တော်တို့ ဒီနေ့ သုံးနေကြတဲ့ နာမည်အကြီးဆုံး အအောင်မြင်ဆုံး Standard အရှိဆုံး GSM Network ကို အဲဒီလိုနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ ဥရောပ နိုင်ငံ တော်တော်များများမှာ နေရာ ကန့်သတ်ချက် မရှိပဲ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကန့်သတ်ချက် မရှိတော့ပဲ လွတ်လပ်စွာ အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း GSM ရဲ့ မူလ အခေါ်အဝေါ် Group Special Mobile ကို ပိုမို ကြီးမားတဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် သက်ရောက်စေရန်အတွက် Global System for Mobile Telecommunications ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။

GSM Network မှာ အသုံးပြုထားတဲ့ Frequency Rate အနေနဲ့ကတော့ 850MHz ၊ 900 MHz ၊ 1800 MHz ၊ 1900 MHz ဆိုပြီး ရှိပါတယ်။ လူဦးရေ သိပ်သည်း ထူထပ်တဲ့ မြို့ပြနိုင်ငံကြီးတွေမှာ ဆိုရင်တော့ Frequency အနိမ့်ပိုင်းတွေကို အသုံးပြုကြပါတယ်။

အရှေ့တောင် အာရှနိုင်ငံ တော်တော်များများနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို အခု လက်ရှိ 900 MHz ကို အသုံးပြုထားပါတယ်။ တောင်အမေရိကတိုက် ၊ မြောက်အမေရိကတိုက် နဲ့ အာရပ်နိုင်ငံတို့လို ကွင်းပြင် ၊ တောင်တန်း ၊ သစ်တောတွေ ထူထပ်ပေါများတဲ့ နိုင်ငံမျိုးတွေ ၊ လူနေကျဲပါးဝေးလံတဲ့ ဒေသမျိုးတွေ ဆိုရင်တော့ လိုင်းအားပြင်းတဲ့ 1800 MHz ၊ 1900 MHz တို့ကို အသုံးပြုပါတယ်။ ဒီလို Frequency အမြင့်ပိုင်းတွေကို လူဦးရေ သိပ်သည်းထူထပ်တဲ့ နိုင်ငံတွေမှာတော့ တခြားသော Radio Network ကို ရှုပ်ထွေးမှုတွေ ဖြစ်စေတဲ့ အတွက် အသုံးမပြုကြပါဘူး။

WCDMA ဆိုတာက GSM ရဲ့ အဆင့်မြင့် system တစ်ခုပါ။ သူ့ရဲ့ Frequency Rate ဟာလဲ 900 MHz နဲ့ အလုပ်လုပ်ဆောင်ပါတယ်။ လူတွေ ပြောပြောနေတဲ့ 3G (Third Generation) ပေါ့နော်။ ကိုရီးယားမှာတော့ 4G အထိ အပြည့်အ၀ လုပ်ဆောင်နိုင်ပြီး TV Channel တွေပါ Mobile Phone ပေါ်မှာ ကြည့်နိုင်နေပါပြီ။

တကယ်တမ်း ဆိုရင်တော့ 3G စနစ် အမှန်အကန် တစ်ခုက Video Configuration စနစ်ကို ကောင်းကောင်းကြီး support လုပ်ပေးနိုင်ပါတယ်။ အင်တာနက် ချိတ်ဆက် အသုံးပြုမယ်ဆိုရင်လဲ 1000 MHz နီးပါးနဲ့ သာသာယာသာ အသုံးပြုနိုင်ပါတယ်။ ကျွန်တော် သိတာတော့ WCDMA ရဲ့ ထောက်ပံ့ပေးထားတဲ့ အစစ်အမှန်မှာ 3gpp (Third Generation Partnership Project) လို့ ခေါ်ပါတယ်။

CDMA လို့ ခေါ်ကြတဲ့ Code Division Multiple Access ဆိုတာဟာ ၂၀၀၀ ခုနှစ်လောက်ကမှ ခေတ်စားလာတဲ့ နည်းပညာ တစ်ခုပါ။ ကျွန်တော်တို့ နိုင်ငံမှာဆို CDMA 450 MHz နဲ့ CDMA 800 MHz ဆိုပြီး လူသိများပါတယ်။ အသုံးပြုတဲ့ နိုင်ငံတွေဆိုတာကတော့ တော်တော်ကို နည်းပါးနေပါပြီဗျာ။ ကျွန်တော်တို့ နိုင်ငံမှာတော့ လက်ရှိ အသုံးပြုနေဆဲပါပဲ။ CDMA 800 MHz လိုင်းတွေဟာ ဆိုရင်တော့ လိုင်းမှာ အမြဲကြည်လင်နေပြီးတော့ ဖုန်းလိုင်း ပြတ်တောက်တယ်ဆိုတာ အတော် ဖြစ်ခဲပါတယ်။ သူက Frequency 800 MHz နဲ့ 900 MHz အတွင်းမှာ သုံးစွဲနေပါတယ်။

CDMA ဖုန်းတွေဟာ ပြင်းထန်တဲ့ လိုင်းဆွဲအားကို အမြဲရှာဖွေ အသုံးပြုနေတာ ဖြစ်တဲ့အတွက် ဖုန်း Battery သက်တမ်းကလဲ အကုန်မြန်တာကို တွေ့ရပါတယ်။ CDMA ဖုန်းတွေမှာ ဆိုရင် 450 MHz ကတော့ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိပါဘူး။ Uplink 455 နဲ့ Downlink 465 MHz ၀န်းကျင်မှာသာ အသုံးပြုနေတာ ဖြစ်တဲ့အတွက် Data သယ်ပို့နိုင်စွမ်း မရှိပါဘူး။ CDMA 800 MHz ဖုန်းတွေကို အင်တာနက် အသုံးပြုလိုတယ် ဆိုရင်တော့ EVDO (Evolution Data Optimized) စနစ်ကို လျှောက်ထားပြီး အသုံးပြုနိုင်ပါတယ်။

Credit: Original Aurthor
Source: Internet ( knowledge Box)
___________________________________



Saturday 11 July 2015

မနေ့ကခန်းမရှေ့သွားကြည့်တာ မိုးညှင်းဌာနဆိုင်ရာလူကြီးတွေက ကားကိုယ်စီးနဲ့ဝန်ကြီးချုပ်တွေ့ဆုံပွဲတတ်ကြတာလမ်းတောင်ပြည့် သွားတာပဲ

မနေ့ကခန်းမရှေ့သွားကြည့်တာ မိုးညှင်းဌာနဆိုင်ရာလူကြီးတွေက
ကားကိုယ်စီးနဲ့ဝန်ကြီးချုပ်တွေ့ဆုံပွဲတတ်ကြတာလမ်းတောင်ပြည့်
သွားတာပဲ

အော်ဌာနလူကြီးတွေမိုးညှင်းရောက်လားရင်လူလိုသူလိုဖြစ်
ကုန်ကြပါလားကွေဣဣဣဣ

ပြည်သူတွေထက်ပိုပြီးချမ်းသာနေကြပါလားကွေ

ယခုလဲနောင်းစွန်တံတားကို သိန်း ၂၀၀၀၀ နဲ့ဆောက်မှာကွေ

ဘယ်ကောင်တွေချမ်းသားအုံးမလဲကွေ

စည်ပင်တာဝန်ခံကိုသွားပြီကပ်ထားကွေ

ဆောက်လုပ်ရေးကိုလဲသွားကွေ

ကွေကိကွေကိ


မနေ့ကခန်းမရှေ့သွားကြည့်တာ မိုးညှင်းဌာနဆိုင်ရာလူကြီးတွေက
ကားကိုယ်စီးနဲ့ဝန်ကြီးချုပ်တွေ့ဆုံပွဲတတ်ကြတာလမ်းတောင်ပြည့်
သွားတာပဲ

အော်ဌာနလူကြီးတွေမိုးညှင်းရောက်လားရင်လူလိုသူလိုဖြစ်
ကုန်ကြပါလားကွေဣဣဣဣ


ပြည်သူတွေထက်ပိုပြီးချမ်းသာနေကြပါလားကွေ

ယခုလဲနောင်းစွန်တံတားကို သိန်း ၂၀၀၀၀ နဲ့ဆောက်မှာကွေ

ဘယ်ကောင်တွေချမ်းသားအုံးမလဲကွေ

စည်ပင်တာဝန်ခံကိုသွားပြီကပ်ထားကွေ

ဆောက်လုပ်ရေးကိုလဲသွားကွေ

ကွေကိကွေကိ


$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$

$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$

မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင်

မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည်


$$ကြော်ငြာခနှုံးထားများ$$

တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ်

သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင်

တစ်ရက် ၂၀၀၀ ကျပ်


ပေးပို့ရန်

ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည်


ငွေပေးချေရန်

Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်


##ပေးပို့ရန်လိပ်စာ##

မိုးညှင်းသတင်း apk သို့သတင်းနှင့် ကြော်ငြာများပေးပို့ရန် mohnyinnews@gmail.com (သို့မဟုတ်) www.facebook.com/mohnyintoday သို့ဝင်ရောက်၍ message box မှလဲပေးပို့နိုင်ပါတယ် ဘာသာရေးပွဲများ ပရဟိတပွဲများကို အခမဲ့ ကြော်ငြာပေးပါမည်


$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$

မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင်

မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည်


$$ကြော်ငြာခနှုံးထားများ$$

တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ်

သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင်

တစ်ရက် ၂၀၀၀ ကျပ်


ပေးပို့ရန်

ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည်


ငွေပေးချေရန်

Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်


##ပေးပို့ရန်လိပ်စာ##

မိုးညှင်းသတင်း apk သို့သတင်းနှင့် ကြော်ငြာများပေးပို့ရန် mohnyinnews@gmail.com (သို့မဟုတ်) www.facebook.com/mohnyintoday သို့ဝင်ရောက်၍ message box မှလဲပေးပို့နိုင်ပါတယ် ဘာသာရေးပွဲများ ပရဟိတပွဲများကို အခမဲ့ ကြော်ငြာပေးပါမည်


♪ Facebook မှဘော်ဒါတွေကို Video Call ခေါ်နိုင်တဲ့ Messenger Version အသစ် - Messenger v31.0.0.26.249 Apk (7-July) ♫ Facebook သုံးတဲ့ဘော်ဒါတို့အတွက် Facebook Messenger

♪ Facebook မှဘော်ဒါတွေကို Video Call ခေါ်နိုင်တဲ့ Messenger Version အသစ် - Messenger v31.0.0.26.249 Apk (7-July) ♫
Facebook သုံးတဲ့ဘော်ဒါတို့အတွက် Facebook Messenger v31.0.0.26.249 apk လေးကိုတင်ပေးလိုက် ပါတယ်။ မနေ့ကမှ (7-July) အသစ်ထွက်ထားတာဖြစ်ပါတယ်ဗျာ။ အခုအသစ်ထွက်လာတဲ့ Version အသစ်မှာတော့ Video Call ကိုအမှန်အကန်ခေါ်ဆိုနိုင်ပြီဖြစ်ပါတယ်ဗျာ။ ပုံမှန်ဖုန်းခေါ်တဲ့ Icon လေးဘေး နားမှာ Video Call ခေါ်တဲ့ ပုံလေးကိုနှိပ်ပြီးခေါ်ဆိုရုံပါပဲ။ အောက်မှာနမူနာပုံပြထားပါတယ်ဗျာ။ Video Call ခေါ်ဆိုဖို့အတွက်တော့ နှစ်ဖက်စလုံး မှာအခု Versionအသစ်ကို Install လုပ်ထားဖို့တော့လိုပါတယ် ဗျာ။ Version အသစ်ဆိုတော့ အဟောင်း ထက်ပိုပြီး သုံးလို့ပိုကောင်းပါတယ်။ နည်းနည်းလေး ဆန်းနေ သလိုပဲဗျာ မိုက်တယ်။ Messenger လိုအပ်နေ သူများနဲ့ Version အသစ်သုံးချင်သူများ အောက်က Link မှာဒေါင်းယူပြီး အသုံးပြုနိုင်ပါပြီဗျာ။
http://goo.gl/1W2j4C
31.0.0.26 31.0.0.26 31.0.0.26



မိုးညှင်းခရိုင်တရားရုံးမှ ဒု ခရိုင်တရားသူကြီးမဒေါ်စောရွှေမှာတရားခွင်ခုံပေါ်မှနေ၍ ငါးစိမ်းသည်မ ကဲ့သို့အော်ဟစ်ငေါက်ငမ်းပြောဆိုနေကြောင်း

မိုးညှင်းခရိုင်တရားရုံးမှ ဒု ခရိုင်တရားသူကြီးမဒေါ်စောရွှေမှာတရားခွင်ခုံပေါ်မှနေ၍ရုံးရှေ့
လာရောက်သက်သေထွက်ကြတဲ့သက်သေများ အမှုစစ်ရှေ့နေများအားတရားသူကြီးတဦးပုံစံမဟုတ်ဘဲငါးစိမ်းသည်မ
ကဲ့သို့အော်ဟစ်ငေါက်ငမ်းပြောဆိုနေကြောင်းနှင့်၆.၇.၂၀၁၅ရက်နေ့ကအမျိုးသားသက်သေတဦးအားအော်ဟစ်ကြောင်း ထို့ကြောင့်အမှုသည်များ သက်သေများနှင့်ရှေ့နေမလေးများမှစိတ်ညစ်လျက်ရှိကြောင်းသိရပြီး
မကြာမှီအမှုသည်တဦးမှပြည်ထောင်စုတရားလွတ်တော်ချုပ်သို့တိုင်ကြားသွားမည်ဖြစ်ကြောင်းမိုးညှင်းမြို့အသိုင်းအဝိုင်းတွင်
သတင်းပျံ့နှံ့လျက်ရှိကြောင်းသိရှိရသည်


ယနေ့ မိုးညှင်းမြို့ ထန်းတပင်ကျေးရွာတွင်ကိုယ်ထူကိုယ်ထ တံတားပိုက်ဂွေများဖြင့်ပြုလုပ်ကြပါသည်

ယနေ့
မိုးညှင်းမြို့ ထန်းတပင်ကျေးရွာတွင်ကိုယ်ထူကိုယ်ထ တံတားပိုက်ဂွေများဖြင့်ပြုလုပ်ကြပါသည်


Friday 10 July 2015

ရှမ်းနီအမျိုးသားဒေါက်တာစံတိုင်းကျော်ရဲ့ကောင်းသန့်ဧည့်ရိပ်မွန် ဖွင့်ပွဲကိုရှမ်းနီယဉ်ကျေးမှုအဖွဲ့တက်ရောက်အားပေးခဲ့တယ်။ ရှမ်းနီဒေသမိုးညှင်းကိုရောက်တဲ့အခါစိတ်ချမ်းမြေ့စွာ အနားယူနိုင်ပါပြီ

ရှမ်းနီအမျိုးသားဒေါက်တာစံတိုင်းကျော်ရဲ့ကောင်းသန့်ဧည့်ရိပ်မွန်
ဖွင့်ပွဲကိုရှမ်းနီယဉ်ကျေးမှုအဖွဲ့တက်ရောက်အားပေးခဲ့တယ်။
ရှမ်းနီဒေသမိုးညှင်းကိုရောက်တဲ့အခါစိတ်ချမ်းမြေ့စွာ
အနားယူနိုင်ပါပြီ



Naung Yoe Indawgyi


အင်းတော်ကြီးလမ်းစတင်ပျက်စီးနေခြင်း

ဒီနေ့မိုးညှင်းကိုအင်းတော်ကြီးကနေ
ကကျော်လမ်းအတိုင်ထွက်လာစဉ်အုန်းစံဆိုင်နှင့်ဘီလူးရွာကြားကား
တစီးဗွက်က္ဈံနေတာတွေ့ရသည်။
နွေရာသီလမ်းပြုလုပ်စဉ်မြေနီသာခင်းပြီးအချိန်မှီသဲကျောက်မခင်းသဖြင့်လမ်းပျက်ရခြင်းဖြစ်သည်။
အချိန်မှီမပြုပြင်လျင်ပိုမိုဆိုးပါမည်ဖြစ်ကြောင်းမိုးညှင်းသတင်းမှဖေါ်ပြပေးပါရန်တင်ပြအပ်ပါသည်


အင်းတော်ကြီးလမ်းစတင်ပျက်စီးနေခြင်း

ဒီနေ့မိုးညှင်းကိုအင်းတော်ကြီးကနေ
ကကျော်လမ်းအတိုင်ထွက်လာစဉ်အုန်းစံဆိုင်နှင့်ဘီလူးရွာကြားကား
တစီးဗွက်က္ဈံနေတာတွေ့ရသည်။
နွေရာသီလမ်းပြုလုပ်စဉ်မြေနီသာခင်းပြီးအချိန်မှီသဲကျောက်မခင်းသဖြင့်လမ်းပျက်ရခြင်းဖြစ်သည်။
အချိန်မှီမပြုပြင်လျင်ပိုမိုဆိုးပါမည်ဖြစ်ကြောင်းမိုးညှင်းသတင်းမှဖေါ်ပြပေးပါရန်တင်ပြအပ်ပါသည်


Thursday 9 July 2015

သူများလုပ်ထားတာကိုနာမည်ကောင်းယူချင်သူများသတိထား အားလုံးကမကျေနပ်ကြပါဘူးတဲ့ဗျာ

သူများလုပ်ထားတာကိုနာမည်ကောင်းယူချင်သူများသတိထား အားလုံးကမကျေနပ်ကြပါဘူးတဲ့ဗျာ

မိုးညှင်းမြို့ ရွာသစ်ကုန်း
ကျေးရွာဘုန်းကြီးကျောင်း
ရှေ့နားတွင် ရွာသားများက
ကိုယ့်အားကိုယ်ကိုးရေကန်
ကြီးကိုဆောက်လုပ်ထားကြ
ပါသည် 9 7 2015 ရက်နေ့
တွင် မိုးညှင်းမြို့ စည်ပင် သာ
ယာမှလာရောက်ပြီး ၄င်းရေကန်
ကြီးအနီးတွင် စည်ပင် မှ
ဆိုင်းပုဒ် လာရောက်စိုက်
ထူသွား သည်ကို
ရွာသစ်ကုန်းရွာသားများက
မ ကျေမနပ်ဖြစ်နေကြပါသည်
အောက်တွင် ဓါတ်ပုံနှင့်
တကွတင်ပေးလိုက်ပါသည်


သူများလုပ်ထားတာကိုနာမည်ကောင်းယူချင်သူများသတိထား အားလုံးကမကျေနပ်ကြပါဘူးတဲ့ဗျာ

မိုးညှင်းမြို့ ရွာသစ်ကုန်း
ကျေးရွာဘုန်းကြီးကျောင်း
ရှေ့နားတွင် ရွာသားများက
ကိုယ့်အားကိုယ်ကိုးရေကန်
ကြီးကိုဆောက်လုပ်ထားကြ
ပါသည် 9 7 2015 ရက်နေ့
တွင် မိုးညှင်းမြို့ စည်ပင် သာ
ယာမှလာရောက်ပြီး ၄င်းရေကန်
ကြီးအနီးတွင် စည်ပင် မှ
ဆိုင်းပုဒ် လာရောက်စိုက်
ထူသွား သည်ကို
ရွာသစ်ကုန်းရွာသားများက
မ ကျေမနပ်ဖြစ်နေကြပါသည်
အောက်တွင် ဓါတ်ပုံနှင့်
တကွတင်ပေးလိုက်ပါသည်


သူများလုပ်ထားတာကိုနာမည်ကောင်းယူချင်သူများသတိထား အားလုံးကမကျေနပ်ကြပါဘူးတဲ့ဗျာ

မိုးညှင်းမြို့ ရွာသစ်ကုန်း
ကျေးရွာဘုန်းကြီးကျောင်း
ရှေ့နားတွင် ရွာသားများက
ကိုယ့်အားကိုယ်ကိုးရေကန်
ကြီးကိုဆောက်လုပ်ထားကြ
ပါသည် 9 7 2015 ရက်နေ့
တွင် မိုးညှင်းမြို့ စည်ပင် သာ
ယာမှလာရောက်ပြီး ၄င်းရေကန်
ကြီးအနီးတွင် စည်ပင် မှ
ဆိုင်းပုဒ် လာရောက်စိုက်
ထူသွား သည်ကို
ရွာသစ်ကုန်းရွာသားများက
မ ကျေမနပ်ဖြစ်နေကြပါသည်
အောက်တွင် ဓါတ်ပုံနှင့်
တကွတင်ပေးလိုက်ပါသည်


Tuesday 7 July 2015

စစ်တပ်မရှိရင်တိုင်းပြည်ပျက်မယ်တဲ့ မှန်ပါတယ် စစ်တပ်ကနိုင်ငံတစ်ခုအတွက် အင်မတန်အရေးကြီးတာလက်ခံပါတယ်

စစ်တပ်မရှိရင်တိုင်းပြည်ပျက်မယ်တဲ့ မှန်ပါတယ် စစ်တပ်ကနိုင်ငံတစ်ခုအတွက် အင်မတန်အရေးကြီးတာလက်ခံပါတယ် သို့ သော် --- စစ်တပ်က တိုင်းပြည်တစ်ခုအတွက်မရှိမဖြစ်လိုတယ်ဆိုပေမယ့် ကျောင်းသားတွေ လယ်သမားတွေ ကရော နိုင်ငံအတွက်အရေးမပါဘူးလား?? စစ်တပ် ရှိလို့ စပါးမရဘူး လယ်သမားရှိမှ လယ်ရှိမှဆန်စပါးရမယ် စစ်တပ်ရှိလို့  ကလေးတွေပညာမတတ်နိုင်ဘူး စာသင်ကျောင်းတွေရှိမှ ကျောင်းသားတွေရှိမှ နိုင်ငံအနာဂတ်အတွက်စိတ်ချရမှာပါ ဒီတော့လွှတ်တော်ထဲမှာ လည်း တိုင်းပြည်အတွက်မရှိမဖြစ်စစ်တပ်အစိတ်သားတွေ နေရာယူထားရင် ကျောင်းသားတွေ လယ်သမားတွေလည်းလွှတ်တော်ထဲထည့်လိုက်ပါ လယ်ယာမြေတွေသိမ်း ကျောင်းသားတွေရိုက်သတ် တပ်ပိုင်မြေတွေလုပ် သံဃာကိုခြေထောက်နဲ့ ကန်နံပတ်တုတ်နဲ့ ရိုက် တိုင်းရင်းသားတွေကိုအနိုင်ကျင်နေတဲ့ စစ်တပ်က မရှိမဖြစ်ဆိုတဲ့ စကားသုံးပြီး လွှတ်တော်ထဲအရှက်မရှိ အာဏာတည်မြဲလူတစ်စုကောင်းစားရေးအတွက် လိုက်ရှူပ်နေတာ ဒေါ်စုကို အပုပ်လိုက်ချနေတာ တော့ ရွံစရာအင်မတန်ကောင်းပါတယ် စစ်တပ်ကိုအလိုရှိပါတယ် သို့ သော် လူသားဆန်တဲ့စစ်တပ်ကိုပါ ဘရဏီသုတ

။နိုင်ငံ့ဝန်ထမ်းတွေရဲ့သက်တမ်းကိုယခုကျင့်သုံးနေတဲ့အသက်(၆၀)ပြည့်မှာအငြိမ်းစားယူဖို့ဆက်လက်ထားရှိရေးအရေးကြီးအဆိုကိုယနေ့ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းပါတယ်။

နေပြည်တော် ဇူလိုင် ၈ ရက် ။ ။နိုင်ငံ့ဝန်ထမ်းတွေရဲ့သက်တမ်းကိုယခုကျင့်သုံးနေတဲ့အသက်(၆၀)ပြည့်မှာအငြိမ်းစားယူဖို့ဆက်လက်ထားရှိရေးအရေးကြီးအဆိုကိုယနေ့ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းပါတယ်။နိုင်ငံ့ဝန်ထမ်းတွေရဲ့ သက်ပြည့်ပင်စင်ယူမယ့်သက်တမ်းကို(၆၃) နှစ်အထိထားရှိမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့်ယခုလိုတင်သွင်းရခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီအဆိုကိုမနက်ဖြန်ကျင်းပမယ့်ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်။ Author - ခ်ျိုဇင်မာဝင့်

ယနေ့မိုးညှင်းမှာမိုးရာသီသစ်ပင်စိုက်ပွဲကျင်းနေပါသည်

ယနေ့မိုးညှင်းမှာမိုးရာသီသစ်ပင်စိုက်ပွဲကျင်းနေပါသည်

အရူးပဲ တော်တော်ကိုရူးတာပဲ မြန်မာပြည်ကလူတွေက....တော်တော်ချမ်းသာနေလို့ ဖုန်းမပြောပဲ အင်တာနက်ကို ၂၅၀၀၀ပေးဝယ်မလား..

အရူးပဲ တော်တော်ကိုရူးတာပဲ မြန်မာပြည်ကလူတွေက....တော်တော်ချမ်းသာနေလို့ ဖုန်းမပြောပဲ အင်တာနက်ကို ၂၅၀၀၀ပေးဝယ်မလား....စဉ်းစားပေါ့...MPT မင်းတို့က ပိုက်ဆံဘယ်လိုဖြတ်လိုရမလဲနည်းလမ်းရှာကြံပြီး...တစ်မျိုးမျိုးပြီး တစ်မျိုး Plan အသစ်တွေဆွဲပြီ မတရားလိုချင်တုန်းပဲ....နောက်ဆုံး MPTက သူခိုးက သူခိုးပါပဲ....၅Gb ကြီးတောင် တစ်လအတွင်းသုံးရမယ်...... ၃လ လောက်ထားပေးပါလားဗျာ အဲဒါဆို မဆိုးပါဘူး...ဈေးနှုန်းက သက်သာသလိုရှိပေမဲ့...Time Limit ကနည်းလွန်းတယ်ထင်ပါတယ်...တစ်လအတွင်း မကုန်လို့ကျန်ရင် ကျန်တဲ့ dataပျောက်ပြီး အလကားပိုက်ဆံ လိုချင်နေတာလား....အမှန်ဆို 5Gb ဆို 5ကို၂နဲ့စားပြီး အနည်းဆုံးတော့ အချိန် ၂လ ထားပေးသင့်တယ်...3Gb ဆိုရင်တော့ ၁လဆိုကုန်ရင်ကုန်မယ် 5Gbက နည်းနည်းများသွား အချိန်ပိုပေးဗျာလို့ပဲပြောမယ် အနည်းဆုံး၂လ ထား ပြည်သူကို အလေးထားရင် ၃လထားပေးလေ....နို့မဟုတ်ရင်


:*မြန်မာ ပြည်မှ လူသိရှင်ကြား အကြီးစား လူလိမ်လူကောက် များ (MPT)....**:*

...** :*မြန်မာ ပြည်မှ လူသိရှင်ကြား အကြီးစား လူလိမ်လူကောက် များ (MPT)....**:*........၂၅ သိန်း လည်းဒီကဒ်လေးပဲ ၁၅ သိန်းတုန်းကလည်း ဒီကဒ်ပဲ ၅သိန်း ၂ သိန်း အခု ၁၅၀၀ ဒီကဒ်ပဲ ပြည်သူတွေ ဆီက ဘယ်လောက်တောင် ဖဲ့စားချင်သေးလို့လဲ..........တဖြေးဖြေးနဲ့ ပြဿနာက စလာပြီ....ပြည်သူတွေကို ဘာဒုက္ခ ထပ်ပေးချင်လို့လည်း.....ပြည်ပ Telenor. Ooredooကို ဝင်ခွင့်ပေးထားတာ ဘယ်လောက်တောင် ရထားလည်း မသိပါ...ဝင်လာရင် သူထက်သာမယ်ဆိုတာ ကြိုသိထားရက်နဲ့ ပေးဝင်တယ် ဆိုတော့ တော်တော်ရထားလို့ပေါ့...MPT ရှေ့သို့ လှမ်းချီနေသလို ကျတော့လည်း နောက်ဆုပ်နေပါတယ် နောက်မှာ သူထက်ကောင်းတဲ့ Telenor Ooredooရှိနေလို့....Telenor. Ooredoo တိုင်တွေ နေရာ အနှံ စိုက်ထူ နိုင်တဲ့နေ့ MPT ကျရှုံးတဲ့ နေ့ပဲ (ဗေဒင်သွားမမေးနဲ့ လိမ်စားထားငွေတွေ ကုန်သွားမယ်)......


Saturday 4 July 2015

ဒီနေ့မိုးညှင်းအရန်မီးသတ်တွေအောင်သပြေဈေးမှာ သန့်ရှင်းရေးလုပ်ကြတယ်

ဒီနေ့မိုးညှင်းအရန်မီးသတ်တွေအောင်သပြေဈေးမှာ
သန့်ရှင်းရေးလုပ်ကြတယ်


စည်ပင်ကအလုပ်မလုပ်တော့မီးသတ်ကမနေနိုင်တော့လုပ်ရပြီပေါ့


Wednesday 1 July 2015

ဟုတ်မလဲလုပ်ကြပါစစ်အစိုးရနှစ် ၂၀ ကျော်ရိုတ်သွင်းထားတာဘယ်သူမပြပဲနေမလဲ


ဟုတ်မလဲလုပ်ကြပါစစ်အစိုးရနှစ် ၂၀ ကျော်ရိုတ်သွင်းထားတာဘယ်သူမပြပဲနေမလဲ