မန္တလေး နန်းတွင်း အမှတ် ၁၆၁ တပ်ထိန်းတပ် စခန်းစိုက်ရာ အောင်မြေသာဇံ မြို့နယ် ဥပုသ်တော် ရပ်ကွက် မှာ ရှိတဲ့ မဲရုံ အမှတ် ၁၄ မှာ တော့ မဲပေးပိုင်ခွင့် ရှိသူ ၁၇၇ ယောက် စာရင်းပေါက် ပြီး ၁၁၉ ယောက် လာရောက်မဲပေး ခဲ့ကြလို့ မဲရေတွက် ပြီးခဲ့ပါပြီ။
အဲဒီ့ မဲရုံ တစ်ခုတည်း အနေနဲ့ ကတော့ တသီး ပုဂ္ဂလ ကိုယ်စားလှယ် အနေနဲ့ ၀င်ပြိုင်တဲ့ မန္တလေး မြို့တော်ဝန် ဟောင်း လည်း ဖြစ်၊ ဗိုလ်မှုးချုပ် ဟောင်းလည်း ဖြစ်တဲ့ ဦးဖုန်းဇော်ဟန် က ၁၁၄ မဲ ရပြီး၊ ကြံ့ခိုင်ရေး နဲ့ NLD ပါတီ ကိုယ်စားလှယ်တွေ ကတော့ ၂ မဲ စီ ရရှိ ခဲ့ပါတယ်။
အဲဒီ့ မဲရုံကနေ ဘီဘီစီ သတင်းထောက် ကိုနေလင်းက သတင်းပေးပို့ ထားပြီး ဘန်ကောက် ဘီဘီစီ စတူဒီယို ကနေ ဦးဝင်းမြင့် က မေးမြန်း ထားပါတယ်။
BBC Burmese

No comments:
Post a Comment