Saturday 15 August 2015

ဘီလူးမြို့ ဘာကြောင့်မီးမလင်းသေးတာလဲ.....??? ဘီလူးမြို့ ဘာကြောင့်မီးမလင်းသေးတာလဲ.....??? ဘီလူးမြို့ ဘာကြောင့်မီးမလင်းသေးတာလဲ.....???

ဘီလူးမြို့ ဘာကြောင့်မီးမလင်းသေးတာလဲ.....???

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ်၊ဘီလူးမြို့ဘာကြောင့် ၂၄ နာရီလျှပ်စစ်မီးမရသေးတာလဲ ဆိုတာကိုတိတိကျကျသတင်းကိုစုံစမ်းသိရှိပါပြီ....
ဘီလူးမြို့ မီးလင်းရေး အတွက် ၂၀၁၂ မေလ ၅ရက်နေ့ မှစတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၃နှစ်ကျော်ကြာခဲ့ပြီး ဖြစ်သော်လဲ ယခုချိန်ထိ မည်သို့သောအကြောင်းအရာတွေကြောင့် လျှပ်စစ်မီး မရသေးတာလဲ ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ...

ဘီလူးမြို့ လျှပ်စစ်မီးလင်းရေးအတွက် ဒေသခံများထံမှကောက်ခံထားသောငွေကျပ်သိန်း ၁၇၀၀ ကျော်အား ၂နှစ်ခန့်ကြာအောင်ကော်မတီမှငွေကိုင်ဆောင်သူများဖြစ်ကြသော(ဦးမြင့်နိုင်၊ဦးသောင်းလယ်၊ဦးဝင်းဖေ)တို့နှင့် မီးလင်းရေးကော်မတီဥက္ကဌ ဦးမြအောင် နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ဇော် တို့ ပူးပေါင်းကြပြီးငွေတိုး ချစား ကြသည်ဟု သတင်းရရှိပါသည်။ ဒေသခံပြည်သူများထံမှ ငွေများကိုမည်ကဲ့သို့ ကောက်ခံသလဲဆိုရင် `မင်းတို့ပိုက်ဆံ မထည့်လျှင် မည်သည့်ဌာနကိုတိုင်မည် ရွာမှမောင်းထုတ်မည်´ဟုခြိမ်းခြောက်စွပ်စွဲကာ အတင်းအဓမ္မကောက်ခံကြပါသည်။ ဒေသခံပြည်သူများသည် ဘုမသိ ဘမသိနှင့် ရိုးသားလှသောလယ်သမားများ ဖြစ်ကြသည့်အတွက် ငွေကြေးလဲ မတတ်နိုင် တိုင်ကြားမည်ဆိုလဲ မည်သည့်ဌာနကို တိုင်ကြားကြမည်မသိကြသောကြောင်နွားရှိသောသူများက နွားရောင်းပြီး လယ်ရှိတဲ့သူ လယ်ရောင်းပြီး ပေးကြရပါတယ်... ထိုသို့ကောက်ခံခြင်းကိုမကျေနပ်သော ဒေသခံတစ်ဦးက `မင်းတို့က လက်တွေ့မလုပ်ဘဲ ပိုက်ဆံတွေကို ဝေငှ ပြီးစားနေတာကိုး´ဆိုပြီ ပြောလိုက်တော့ ထိုဒေသခံ တစ်ယောက်ကို ငွေကောက်ခံရာတွင် ဦးဆောင်သော ဒေါက်တာမောင်ထွန်း၏ဇနီးဒေါ်လှမြ အဖွဲ့နှင့် ဦးမောင်ညို၏ဇနီး ဒေါ်ဂွက်ထော် တို့ မှ... ဥက္ကဌ ဦးမောင်ဇော်အိမ် မှာ အဓမ္မခေါ်ယူစစ်ဆေးမေးမြန်းပြီး တရားစွဲမည်ဟု ခြိမ်းခြောက် ရိုက်နှက် ကာ နောက်နောင်ထိုကစ္စမျိုးမဖြစ်စေရဟုဆို၍လက်မှတ်ရေးထိုးခဲ့ရပါသေးသည်ဟုလဲ သတင်းတိတိကျကျ သိရှိရပါသည်။ ကျန်ရှိသော ဒေသခံများထံမှလဲ `ဓားပြ တိုက်သကဲ့သို့´ပင် အတင်းအဓမ္မ ကောကာခံနေပါသည်။
ယခုသတင်းရရှိတာက ပထမအကြိမ် အစည်းဝေးတွင် ပြောကြားချက် အရမှာတော့ မီးလင်းရေး ဥက္ကဌ ဦးမြအောင် က တစ်အိမ်လျှင် ၃သိန်းကျပ် ကောက်ခံခဲ့ပြီး နောက် တစ်ခါ အစည်းဝေးလုပ်တော့ ၄သိန်းကောက်းခံမည်ဟုဆိုပြီးးး ပထမ ၃သိန်းကောက်ခံပြီးသူတို့သည် နောက်ထပ်၁သိန်းထည့်ရမည်ဟုဆိုသည်..
နောက် တစ်ကြိမ် အစည်းဝေးလုပ် သောအခါတွင်..မီးလင်းရေး အတွက် အစိုးရမှ ပုဂ္ဂလိက သို့ လွှဲပြောင်းသွားသောကြောင့် ပထမ ၃သိန်းကျပ်ထည့်သွင်းထားသူများက လဲ နောက်ထပ် ၄သိန်း ထည့်သွင်းရမည်ဟု ပြောကြားပါသည်... မီးစာအုပ်များကိုလည်လုပ်ထားပေးပါသည်။ ထိုကိစ္စတွင် ပထမ ၃သိန်း ပေးသွင်းထားသူတို့မှာ အရှုံးပင်ဖြစ်သောကြောင့် ငွေကောက်ခံသူ ဒေါ်လှမြနှင့်ဒေါ်ဂွက်ထော် တို့အား အငြင်းပွားပြောဆိုကြရာ... ကော်မတီမှ ၁သိန်းခွဲစီပြန်အမ်းမည်ဆိုကာ ပထမ ငွေသွင်းထားသောသူများအားထံမှ မီးစားအုပ်ကို သိမ်းဆည်းကာ ငွေ၅သောင်းကျပ်သာပြန်အမ်းသော အိမ်အနည်းငယ်ရှိသကဲ့သို့ ငွေပြန်မအမ်းပဲမီးစာအုပ်သိမ်းသွားသောအိမ်များလည်များစွာရှိပါသည်။
ယခု 11KVAလျှပ်စစ်ကြိုးများကိုညောင်ကုန်းမှတစ်ဆင့်သွယ်တန်းထားပြီးသွယ်တန်းမှု အကွာအဝေးမှာ၎မိုင်ခန့်ရှိသည်ဟုဆိုသည်။ ထို့နောက်200KVA Transformer ၂လုံး တပ်ဆင်ထားပြီး ပြည်ထောင်စုလမ်းမတစ်လျှောက်တွင်သာလျှင်လျှပ်စစ်တိုင်များမီးကြိုးနှင့်မီတာများတပ်ဆင်ထားပါသေးသည်။ ရွာအတွင်းမတပ်ဆင်ရသေးပါ။ ထိုကဲသို့ လောက်သာတပ်ဆင်ပြီးစီးသေးသော်လဲ သိန်းပေါင်း၁၇၀၀ကျော်ကုန်ကျသွားပြီဟု ဆိုပါသည်။ ထိုကဲ့သို့ ဒေသတွင်းလျှပ်စစ်သွယ်တန်းရန်ကြိုးများကိုလဲ အသစ်မ၀ယ်ယူပဲ အဟောင်းများကို ညောင်ကုန်းကျေးရွာမီးလင်းရေးမှ ဈေးနိမ်ဝယ်ယူပြီး သိန်းပေါင်၂၀၀ ခန့်ကျသင့်သည်ကို သိန်းပေါင်း၃၀၀ကျော်ဖိုးဝယ်းယူထားသည်ဟုဆိုပြီး သိန်း၁၀၀ ခန့် ဝေငှစားကာ ဖျောက်ထားသည်ကိုလဲ ဒေသခံများက သိသိကြီးနဲ့ ခံရပါသေးသည်.. ထိုကဲ့သို့ ဖြစ်ပုံပျက်ပုံများကို ဒေသခံများကသိရှိထားသော်လဲ မည်သူတစ်ဦးတစ်ယောက်ကိုမှ မပြောရဲကြပေ... ရိုးသားသော လယ်သမားများ ဖြစ်ကြသည့်အတွက် မည်သူ့ကို ပြောရမည်ဆိုလဲ မသိကြချေ။
လူငယ် တချို့ကလဲ ဆေးသုံး စွဲသူက ပေါများလှသဖြင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကိုစိတ်မ၀င်စားပဲ `မိမိဆေးသုံးစွဲရရင်ပြီးရော ကျန်တာ ငါနဲ့ ဘာမှမဆိုင်´ဟု ဆိုသောလူငယ်များလည် ရှိကြပါသည်...ရင်လေးစရာပါ... ကျနော် မဖော်ပြထားသေးသောအချက်များစွာရှိပါသေးသည် ကျနော် သိထားသမျှ နည်းနည်းလေးအမြည်းမျှသာ မျှဝေလိုက်ရပါသည်.. နောက်ထပ်သတင်းများအားစုံစမ်းလျက်ရှိပါသည်...
ဘီလူးမြို့
မီးလင်းရေး ဥက္ကဌ က ဦးမြအောင်
အတွင်းရေးမှူးက ဦးမြင့်မောင်
ဘီလူးမြို့
အုပ်ချုပ်ရေးမှူးဦးမောင်ဇော်
သက်ဆိုင်သူများကတော့
အတွင်းရေးမှူးဦးအိုက်သွေ
နဲ့  ဦးအောင်သူ
ငွေအတင်းအဓမ္မကောက်ခံသူများကတော့
ဒေါက်တာမောင်ထွန်း ဇနီး ဒေါ်လှမြ(ကန်တော်ကုန်းရပ်ကွက်အတွက်)
ဦးမောင်ညို ဇနီး ဒေါ်ဂွက်ထော်(အလယ်ကုန်းအုပ်စုအတွက်) ကျန်ရပ်ကွက်အတွက်ကမသိရသေးပါ!!!
ငွေကိုင်သူတွေကတော့
၁ ဦးမြင့်နိုင်
၂ ဦးသောင်းလယ်
၃ ဦးဝင်းဖေ တို့ ဖြစ်ကြပါသည်..
ပစ္စည်းဝယ်ယူသူတို့သည်လဲ အထက်ပါပုဂ္ဂိုလ်များပင် ဖြစ်ပါသည်...
ရှင်းရှင်းနဲ့ မှန်မှန်ကန်ကန် ဒဲ့ ပြောပါတော့မယ်..
ပိုက်ဆံ များအား ခိုးစားဖွက်စားကြသူများသည်အထက်ပါပုဂ္ဂိုလ်များပင်ဖြစ်ကြပါသည်။ လျှပ်စစ်မီးတွင်သာမက တခြားဘယ်ကိစ္စမှာဘယ်လောက်ထိပိုက်ဆံတွေကို ယုတ်မာရက်စက်စွာ စားထားသေးလဲဆိုတာနောက်ထပ်သတင်းများတွင် ဆက်လက်ဖော်ပြပါဦးမည်...ယခု အခါတွင် အုပ်ချုပ်ရေးမှူး ဦးမောင်ဇော် တို့ မိသားစုသည်လဲ ရပ်ကွက် ကိစ္စနှင့် ပတ်သက်ပြီး မိသားစု အချင်းချင်း အငြင်းပွား စကားများနေကြသည် ဟူ၍လည်း သိရှိရပါသည်.. ၀ဋ် လည်သည် ဟုပင် ဆိုရမည် ထင်ပါသည်....
အထူးပင်ကျေးဇူးတင်ပါသည်။


Wednesday 5 August 2015

5-8-15ရက်နေ့ ထွက်လာခဲ့သော ရေဘေးကယ်ဆယ်ရေးအဖွဲ့(မိုးညှင်းမြို့နယ်) အခု မိတ္ထီလာသို့ ရောက်ရှိနေပါပြီ

5-8-15ရက်နေ့ ထွက်လာခဲ့သော ရေဘေးကယ်ဆယ်ရေးအဖွဲ့(မိုးညှင်းမြို့နယ်) အခု မိတ္ထီလာသို့ ရောက်ရှိနေပါပြီ


ဘီလူးမြို့ ဘာကြောင့် မီးမရသေးသလဲ ဆိုတော့...

ဘီလူးမြို့ ဘာကြောင့် မီးမရသေးသလဲ ဆိုတော့... ဘီလူးမြို့မီးလင်းရေးကော်မတီဥက္ကဌ နဲ့ ရွာသူကြီး၂ယောက်ပေါင်းပြီးးးရွာသူရွာသားထံမှ ကောက်ခံရရှိသောဘသိန်း၇၂၀ ကျော်အား အတိုးချစား ထားသောကြောင့် ဖြစ်ကြောင်း ကော်မတီမှရွာသားတစ်ဦးမှပြောကြားသည်.....


ဘီလူးမြို့ ဘာကြောင့် မီးမရသေးသလဲ ဆိုတော့...

ဘီလူးမြို့ ဘာကြောင့် မီးမရသေးသလဲ ဆိုတော့... ဘီလူးမြို့မီးလင်းရေးကော်မတီဥက္ကဌ နဲ့ ရွာသူကြီး၂ယောက်ပေါင်းပြီးးးရွာသူရွာသားထံမှ ကောက်ခံရရှိသောဘသိန်း၇၂၀ ကျော်အား အတိုးချစား ထားသောကြောင့် ဖြစ်ကြောင်း ကော်မတီမှရွာသားတစ်ဦးမှပြောကြားသည်.....